Jungkook အိမ်ရောက်တော့ တစ်အိမ်လုံးတိတ်ဆိတ်နေကာ အစောင့်တွေပဲတွေ့ရသည်...Baby ကိုမီးဖိုခန်းထဲမှာမတွေ့ရလို့ အပေါ်ထပ်တန်းတက်ခဲ့လိုက်သည်....
"Baby ရေ...."
အခန်းထဲလည်းမတွေ့ရ...Jungkook ပစ္စည်းတွေကို စားပွဲပေါ်တင်ကာ ရေချိုးခန်းဘက်လာတော့မှ ရေကျသံသဲ့သဲ့ကြားရသည်...
...Baby က ရေချိုးနေတာကိုး....
Jungkook တံခါးဝကနေပဲစောင့်နေမိသည်...
ခနကြာတော့ တံခါးကဖျတ်ခနဲပွင့်လာကာ Bathrobe ကို ရင်ဘတ်ဟကွဲနဲ့ ထွက်လာတဲ့ Baby....
မျက်လုံးဝိုင်းလေးတွေက Jungkook ကိုတွေ့တော့ ဝိုင်းစက်သွားကာ နှုတ်ခမ်းလေးဟပြီး အံ့သြသွားပုံရသည်...Jungkook စောင့်ကြည့်နေမှန်းသိလျှင် မျက်နှာလေးကတည်တင်းသွားပြီး Jungkook ပုခုံးကိုတိုက်ကာရှောင်ထွက်သွားသည်....Jungkook ပြုံးလိုက်ရင်း နောက်ကနေမသိမသာလိုက်သွားကာ...
"Baby...Cake လုပ်ဖို့ ပစ္စည်းတွေကိုယ်ဝယ်လာပြီနော်..."
"မလုပ်တော့ဘူး...မင်းဘာသာမင်းလုပ်ချင်လုပ်..."
Jungkook Baby နားသွားကာ ဆံပင်ရေစိုလေးတွေကို သုတ်ပေးနေမိတော့ ငြိမ်နေလေသည်...ဆူပုတ်နေတဲ့ မျက်နှာလေးက နှုတ်ခမ်းရဲရဲလေးတွေတောင် ချွန်ထွက်နေသယောင်...
"စိတ်ဆိုးနေတာလား Baby..."
"မင်းငါ့ကိုချစ်တယ်ပြောပြီး ခုထိ ချစ်သူနဲ့မပြတ်သေးတာဘာသဘောလဲ..."
"Min ....အဲ Jimin နဲ့က ပြတ်သွားပါပြီ...ဒီနေ့ သူ့အမေ ဦးနှောက်အကျိတ်ခွဲလို့ ခနသွားပေးတာပါ..."
Jungkook စကားကိုမယုံသလိုမျက်ခုံးလေးပင့်ကာ ကြည့်လာခဲ့လျှင်....
"တကယ်ပါ Baby ရဲ့...အဲ့ဒီကိစ္စနဲ့ဆို စိတ်မဆိုးနဲ့တော့နော်...Baby ကို ကိုယ်ဘာတစ်ခုမှ မလိမ်ဘူး..."
"မင်းငါ့ကို ထိမ်ချန်ထားတာရှိတယ်မလား..."
Taehyung ခေါင်းကိုသုတ်ပေးနေတဲ့ Jungkook လက်တွေကရပ်တန့်သွားကာ...
"ဘာကိုပြောတာလဲ Baby..."
"မင်းနဲ့မင်းအဖေ...ဘာလို့ မင်းကို ဝန်ကြီးချုပ်က သူ့သားအရင်းလို့ မပြောထားတာလဲ..."
ŞİMDİ OKUDUĞUN
💜 Next to You 💜
Hayran Kurguမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-18
En başından başla
