"Hello ...Min ပြောလေ.."
Min ဆိုတဲ့ Jungkook အသံကြောင့် Taehyung ကိုယ်လေးမတ်ခနဲဖြစ်သွားသည်...
"အင်း ကိုယ်အခုလာခဲ့မယ်...."
Taehyung မျက်မှောင်လေးတွေကျုံ့သွားရသည်...Min ဆိုတဲ့ကောင်လေးခေါ်တိုင်း Jungkook ကသွားနေကျထင်တယ်...
"Baby ကိုယ်အရေးကြီး ကိစ္စရှိလို့ အပြင်ခနသွားဦးမယ်....ကိုယ်ပြန်လာခဲ့မယ်နော်...."
Taehyung ကဘာမှမပြောတာကြောင့် Jungkook လည်းထွက်လာခဲ့လိုက်သည်..မျက်နှာမကောင်းတာသိပေမယ့်လည်း Min အမေခွဲစိတ်ရက်မလို့ သွားပေးမှရမည်....
Jungkook ရောက်သွားတော့ Jimin မျက်နှာက အရမ်းကိုစိတ်ပူနေဟန်ရှိသည်...
"Kook ရောက်လာပြီလား.."
"အန်တီရော Min ခွဲခန်းထဲဝင်သွားပြီလား...."
"ဟိုမှာ ခေါ်လာပြီ..."
Jungkook တို့နားကိုတွန်းလာတဲ့ Min အမေကိုတင်ထားတဲ့ လူနာတင်ကုတင်...Min ကသူ့အမေလက်လေးကိုဆုပ်ကိုင်ကာ အားပေးစကားတွေပြောနေလေသည်...Jungkook လည်း အန်တီ့ကိုပြုံးပြရင်း စိတ်မပူဖို့နဲ့ Min နဲ့အတူအပြင်မှာ ရှိနေပေးမှာဖြစ်ကြောင်းပြောပြရသည်...
အန်တီ့ကို ခွဲခန်းထဲသယ်သွားတော့ Min လက်လေးတွေကို ဆုပ်ကိုင်ပြီးအားပေးမိသည်...
"အဆင်ပြေသွားမှာပါ မစိုးရိမ်နဲ့နော်...."
"မေမေ ခွဲပြီးတဲ့အထိ Kook ရှိနေပေးမယ်မလား.."
"အင်း ကိုယ်ရှိနေပေးမှာပေါ့..."
"ကျေးဇူးပါ Kook..."
အချိန် ၅ နာရီလောက်ကြာသွားတော့မှ Min အမေခွဲခန်းထဲကနေထွက်လာခဲ့သည်...ခွဲစိတ်မှုအဆင်ပြေတာမလို့ စိတ်သက်သာသွားတဲ့ Min က မျက်ရည်တွေတောင်ကျလာတာကို Jungkook သုတ်ပေးရသေးသည်...
Jungkook လက်ကနာရီကိုကြည့်တော့ နေ့လည် ၂ နာရီ....
"Min ကိုယ်အိမ်ခနပြန်ဦးမယ်..."
"အင်း Kook...ကျေးဇူးပါနော်..."
"ရပါတယ် Min ရဲ့ Min အမေကလည်း ကိုယ့်အမေလိုပါပဲ..."
Jungkook စကားကြောင့် Jimin မျက်နှာလေး ပြုံးယောင်သန်းသွားသည်...
Jungkook mart ကိုဝင်ပြီး Cake လုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေဝယ်ရသည်...Baby စိတ်ဆိုးနေမှာစိုးလို့ ချော့ဖို့ရည်ရွယ်ပြီး စတော်ဘယ်ရီသီးတွေဝယ်လာခဲ့သည်....
KAMU SEDANG MEMBACA
💜 Next to You 💜
Fiksi Penggemarမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-18
Mulai dari awal
