"စတော်ဘယ်ရီတစ်လုံး PoPo တစ်ခါ..."

Jungkook မျက်နှာကို Taehyung ကတွန်းလွှတ်ကာ....

"ရူးနေလား....."

Jungkook နောက်ကနေ Baby ကိုယ်လေးကိုသိုင်းဖက်လိုက်ရင်း ပုခုံးလေးပေါ်ခေါင်းတင်ကာ..

"Baby ကြောင့် ကိုယ်ရူးနေတာသိသားနဲ့...."

Taehyung ပြုံးနေတာကိုတော့ Jungkook မတွေ့ရပေ....

စတော်ဘယ်ရီကျေးဇူးနဲ့ Taehyung Cake လုပ်ဖို့ မီးဖိုထဲပါလာခဲ့သည်....Taehyung နောက်ကနေ မကူဘဲဝင်ရှုပ်နေတဲ့ Jungkook....

"Jungkook ကြက်ဥခေါက်ပေးဦး...."

Taehyung စကားကြောင့် ကြက်ဥတွေဖောက်ကာ ခေါက်ပေးနေတဲ့ Jungkook...Taehyung ဂျုံတွေနယ်နေရတော့ လက်တွေအကုန်ပေပွနေလေသည်...

"ရော့ Baby..."

Taehyung နှုတ်ခမ်းနားရောက်လာတဲ့ စတော်ဘယ်ရီရဲရဲတစ်လုံး....စားရမစားရစဉ်းစားနေမိပေမယ့် စတော်ဘယ်ရီမလို့ သူမလွန်ဆန်နိုင်...

...ပြွတ်စ်....

Taehyung သူခွံ့တာကိုစားတော့ ပါးပြင်ထဲနစ်ဝင်မတတ်နမ်းခံလိုက်ရသည်...

"ရား..Jungkook...."

"ဘာလဲ Baby ကို ကိုယ်ပြောပြီးသားလေ...စတော်ဘယ်ရီတစ်လုံး popo တစ်ခါဆိုတာ..."

Taehyung က မကျေမနပ်လေးကြည့်လိုက်မိရင်း...

"တော်ပြီ မစားဘူး...."

Jungkook ကပြုံးစိစိနဲ့ ဘေးနားကနေလိုက်စလိုက် Taehyung ကအော်လိုက်နဲ့ မီးဖိုခန်းထဲဆူညံပွတ်လောရိုက်နေလေသည်....

ညနေမှပြီးသွားတဲ့ Cake ကို Taehyung ကစားပွဲပေါ်တင်ပေးရင်း...

"စားလို့တော့ ရမှာပါ...."

Taehyung ကပြောပြောဆိုဆို
Cake ပေါ်က Cream တစ်ချို့ကိုလက်နဲ့ကော်ကာ မြည်းကြည့်နေသည်...

Jungkook မျက်စိရှေ့ကချစ်စရာကောင်းလှတဲ့ ကောင်ငယ်လေးကို အူယားစွာကြည့်နေမိသည်....ဘုရားသခင်က Baby ကိုအချိန်ပေးပြီး ဖန်ဆင်းပေးခဲ့ဟန်တူသည်....အစိတ်အပိုင်းတစ်ခုချင်းစီက သိပ်လှသည်....ပြီးပြည့်စုံနေသည်...တစ်ခါတစ်ခါဆို Jungkook မှာငေးခနဲ ဖြစ်ဖြစ်သွားရသည်...

"Jungkook မြည်းကြည့်လေ...."

....ပြွတ်စ်....

Taehyung နှုတ်ခမ်းဆီ ခပ်ဖွဖွစုပ်ယူနမ်းရှိုက်လိုက်တဲ့ Jungkook ကြောင့် အံ့သြရပြန်သည်....Jungkook ဆီကနေ ခနခနနမ်းခံနေရတာကိုလည်း စိတ်ကတိုလာရသည်...

"မင်းကို Cake မြည်းခိုင်းတာလေ..."

"အင်း ချိုတယ်...."

Taehyung နားမလည်ဘဲ သူ့မျက်နှာကိုကြည့်နေလျှင်....

"ခုနက Baby မြည်းထားတာလေ အဲ့တာ နှုတ်ခမ်းလေးပေါ်မှာ Cream တွေပေနေလို့ ကိုယ်မြည်းလိုက်တာ...ချိုနေတာပဲ..."

"သကြားနဲနဲလိုသွားသလိုပဲ ..သိပ်မချိုဘူးနော်..."

"ကိုယ်က Cake ချိုမချိုတော့မသိဘူး...Baby နှုတ်ခမ်းလေးကတော့ချိုတယ်..."

"ချီးပဲ...Jeon Jungkook...."

"ဟားဟား...."

...........

Jimin ဆေးရုံကနေ အိမ်ပြန်လာမိသည်....မေမေ့အတွက်လိုအပ်တာလေးတွေသွားယူဖို့ဖြစ်သည်...ခွဲစိတ်မှုအောင်မြင်ပေမယ့် ရက်အတော်ကြာဆေးရုံတက်ရဦးမှာမလို့ Jimin ဆိုင်ကို တာဝန်ခံနဲ့လွှဲထားပြီး သူဆေးရုံစောင့်နေခြင်းဖြစ်သည်....

Jimin အိမ်ကနေထွက်အလာ အနားကိုကားနက်တစ်စီး ထိုးရပ်လာကာ Jimin ကိုဆွဲတင်သည်...အတင်းရုန်းကန်အော်ဟစ်နေတော့ ပတ်ဝန်းကျင်ကလူတွေကကြားသွားကာ Jimin တို့နားဝိုင်းအုံလာတော့မှ ရုန်းရင်းဆန်ခတ်အခြေအနေကနေငြိမ်သွားကာ...

"အားးး!...."

Jimin ဗိုက်ထဲအတွင်းနက်နက်ထိထိုးဝင်လာတဲ့ ဓား.....တစိမ့်စိမ့်ထွက်လာတဲ့သွေးတို့က ဝတ်ထားတဲ့အကျီအဖြူလေးမှာ နီရဲနေလျှက်...

...ဝေါ့....

ပါးစပ်ထဲကသွေးတွေအန်ထွက်လာပြီး ကြမ်းပြင်ပေါ်ပြုတ်ကျလာတဲ့ Jimin က ဗိုက်ကလေးကိုဖိကာ အသက်ကိုလုရှုနေသည်...အသက်ရှူရတာတစ်ဖြည်းဖြည်းခက်ခဲလာပြီး မျက်ခွံတွေလေးလံလာသည်....မျက်ဝန်းလေးတွေပိတ်မကျခင် အတွေ့ချင်ဆုံးလူသားရဲ့မျက်နှာလေးကို မြင်ယောင်နေမိရင်း...

...မေမေ့ကိုစောင့်ရှောက်ပေးပါ Jungkook.....





အမွန်တကယ်မအားတော့ဘူး စောင့်နေကြမှာသိလို့ ရေးတင်ပေးလိုက်တာ တိုသွားတယ်...နောက်အပိုင်းကိုလည်း အားရင်အားသလို ရေးပြီးတင်ပေးပါ့မယ်နော်...

💜 Next to You 💜Where stories live. Discover now