Jungkook ကိုဒုက္ခပေးတာနဲ့ Kim Taehyung ပါစိတ်သောကရောက်ရမှာ...Tiger ပြုံးလိုက်ရင်း....

"ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပစ်ရတာပေါ့ ....တွေ့ကြသေးတာပေါ့ Jungkook  ရာ..."


......................

Taehyung လည်ပင်းက အနီကွက်တွေကိုကြည့်ပြီး ဒေါသထွက်လာသည်....ရေချိုးခန်းထဲသွားကာ ဘေစင်ရှေ့ရပ်ပြီး လည်ပင်းကအမှတ်တွေကို ဖိပွတ်ဖျက်နေမိသည်  .....မုန်းသည်....ယောကျာ်းတစ်ယောက်ဖြစ်ပါရဲ့ ယောကျာ်းတစ်ယောက်ဆီမှာဘဝပျက်တော့မလိုဖြစ်ရတာကို မုန်းသည်....

ဖျက်မရတဲ့အရာတွေကိုကြည့်ပြီး Taehyung မျက်ရည်ကကျသည်....ခံပြင်းဒေါသဖြစ်မှုကြီးက ရင်ထဲမှာဆို့နင့်နေကာ ကိုယ့်ကိုယ်ကိုယ်နှမြောတသစိတ် ယူကျုံးမရစိတ်တွေနဲ့ ဝမ်းနည်းမိသည်....

"Baby....တော်တော့...."

Jungkook ပြေးဝင်လာကာ Taehyung ရဲ့အကြမ်းပတမ်းဖိပွတ်နေတဲ့လက်တွေကို ဆွဲယူကာတားလာသည်....

မျက်ရည်အပြည့်နဲ့ Jungkook ကိုကြည့်လာတဲ့မျက်ဝန်းလေးတွေကြောင့် ရင်ထဲနင့်ခနဲ....မာနကြီးလွန်းတဲ့ချစ်ရသူဆီမှာမှ ဒီလိုကိစ္စကဖြစ်ရတယ်လို့...

"Baby ရယ်...."

Jungkook က ဆွဲဖက်လိုက်တော့ ခန္ဓာကိုယ်လေးကအလိုက်သင့်ပါလာသည်...Jungkook ကျောပြင်လေးကိုပွတ်သပ်ပေးနေတော့ ရင်ခွင်ထဲကနေ တအင့်အင့်ငိုရှိုက်လာတဲ့ Taehyung လေး...

"Jungkook....ငါ...အင့်...ငါဘဝပျက်တော့မလို့အဲ့ဒီလူဆီမှာ...ဟင့် .....ဒါတွေက ရွံစရာကောင်းတယ်...ဘာလို့ငါ့လည်ပင်းမှာ အဲ့ဒီလူပေးတဲ့အမှတ်တွေဖျက်မရတာလဲ...ငါဒါတွေကိုမြင်ရတာ နာကျင်တယ်...အဟင့်...အင့်...."

ရုတ်တရက် Jungkook လုပ်လိုက်တဲ့အပြုအမူကြောင့် Taehyung အံ့သြသွားကာ တစ်ကိုယ်လုံးတောင့်တင်းသွားသည်....

"ကိုယ်က ဖျက်ပေးပါ့မယ်...အဲ့ဒီအရာတွေကို..."

Taehyung လည်တိုင်ပေါ်မျက်နှာအပ်ကာ စုပ်ယူကိုက်ခဲနေတဲ့ Jungkook....ဟိုလူပေးသွားတဲ့အမှတ်တွေကို Jungkook ကအသစ်နဲ့ပြန်ဖုံးပေးပြီး ဖျက်ပေးတာတဲ့လေ ...Taehyung ခါးလေးကိုဆွဲဖက်လာတဲ့ Jungkook လက်တွေကြားမရုန်းကန်မိ...Jungkook ကသာသူနဲ့တစ်ဦးတည်းသော ရင်းနှီးဖူးတဲ့လူသားမလို့.....

💜 Next to You 💜Where stories live. Discover now