Jungkook က Taehyung ပါးဖောင်းဖောင်းလေးတွေထဲ နှာခေါင်းတို့နစ်ဝင်မတတ်နမ်းရှိုက်ရင်း...
"ချစ်တယ် Baby..."
Taehyung ကိုစိုက်ကြည့်ရင်း ပြုံးနေတဲ့ Jungkook ကြောင့် နေရခက်ကာ မျက်နှာလွှဲမိသည်...အလိုက်ကန်းဆိုးမသိတဲ့ ရင်ဘတ်ကြီးကလည်း ခုန်ပေါက်နေသလိုလိုပင်....သူ့ကိုယ်ကြီးကိုဘေးဘက်တွန်းချရင်း...
"ဖယ်တော့...ငါ လေးတယ်..."
Jungkook က Taehyung ကိုရင်ခွင်ထဲတင်းကျပ်စွာဖက်ထားရင်း ဂုတ်သားဝင်းဝင်းလေးတွေကို မထိတထိနမ်းနေကာ
"နောက်တစ်ခါရသေးလား Baby..."
Taehyung စိတ်တိုသွားကာ သူ့မျက်နှာနားကပ်ပြီး....
"သိပ်ရတာပေါ့..."
"ဟာ တကယ်လား..."
Jungkook ရဲ့ပြုံးဖြီးနေတဲ့မျက်နှာကိုကြည့်ကာ မျက်ခုံးတစ်ဖက်ပင့်လိုက်ရင်း...
"ငါ့ကို Top ခိုင်းမယ်ဆိုရင်လေ..."
Jungkook အပြုံးတွေချက်ချင်းပျောက်ကွယ်သွားပြီး Taehyung မျက်လုံးလေးတွေဆီမကြည့်ပဲ အတင်းတွေအကြည့်လွှဲကာ...
"Baby လေးကပင်ပန်းသွားပြီ .....ကိုယ်သန့်ရှင်းရေးလုပ်ပေးမယ်နော်..."
Taehyung ကျိတ်ရယ်မိသည်...Jeon Jungkook တို့များ လည်ချက်....
Unicode....
"တောက် ..."
Tiger ရဲ့တောက်ခေါက်သံက အခန်းကျယ်အတွင်းဟိန်းထွက်လာသည်...လက်တွေကျိုးသွားတာမလို့ လက်နှစ်ဖက်လုံးပတ်တီးအဖွေးသားနဲ့ Tiger မျက်နှာက ဒေါသနဲ့သုန်မှုန်နေသည်...အရှေ့ကတပည့်တွေမှာလည်း သူတို့ခေါင်းဆောင်စိတ်တိုတာကို မကြည့်ရဲကြပေ ..ဘယ်ချိန်သူတို့ဘက်ကို မြှားဦးလှည့်လာမယ်မသိ....
"အဲ့ဒီ Jungkook ဆိုတဲ့ကောင်အကြောင်းစုံစမ်းလို့ရသမျှ စုံစမ်း....သူ့အားနည်းချက်ကဘာလဲဆိုတာငါသိချင်တယ်..."
"ဟုတ်ကဲ့ပါ ခေါင်းဆောင်..."
Tiger တောက်တခေါက်ခေါက်နဲ့ အရှေ့လျှောက်လိုက်အနောက်လျှောက်လိုက် ဗျာများနေရသည် ...တကယ်ဆို သူမှားတာ Club ကိုတစ်ယောက်ထဲမသွားသင့်ပေ...Kim အဘိုးကြီးသားကို သူလျော့တွက်လိုက်မိတာ....အဲ့ဒီဟာလေးက လှသလောက်ဆတ်ဆတ်ကြဲ...အခု Jungkook နဲ့ပေါင်းနေတုန်းဖြစ်မည်...မင်္ဂလာဆောင်ထားတာတောင် လေးလလောက်ပဲရှိဦးမယ်ထင်သည်....
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-17
Start from the beginning
