"Baby ရယ်...."

Jungkook က ဆွဲဖက်လိုက်တော့ ခန္ဓာကိုယ်လေးကအလိုက်သင့်ပါလာသည်...Jungkook ကျောပြင်လေးကိုပွတ်သပ်ပေးနေတော့ ရင်ခွင်ထဲကနေ တအင့်အင့်ငိုရှိုက်လာတဲ့ Taehyung လေး...

"Jungkook....ငါ...အင့်...ငါဘဝပျက်တော့မလို့အဲ့ဒီလူဆီမှာ...ဟင့် .....ဒါတွေက ရွံစရာကောင်းတယ်...ဘာလို့ငါ့လည်ပင်းမှာ အဲ့ဒီလူပေးတဲ့အမှတ်တွေဖျက်မရတာလဲ...ငါဒါတွေကိုမြင်ရတာ နာကျင်တယ်...အဟင့်...အင့်...."

ရုတ်တရက် Jungkook လုပ်လိုက်တဲ့အပြုအမူကြောင့် Taehyung အံ့သြသွားကာ တစ်ကိုယ်လုံးတောင့်တင်းသွားသည်....

"ကိုယ်က ဖျက်ပေးပါ့မယ်...အဲ့ဒီအရာတွေကို..."

Taehyung လည်တိုင်ပေါ်မျက်နှာအပ်ကာ စုပ်ယူကိုက်ခဲနေတဲ့ Jungkook....ဟိုလူပေးသွားတဲ့အမှတ်တွေကို Jungkook ကအသစ်နဲ့ပြန်ဖုံးပေးပြီး ဖျက်ပေးတာတဲ့လေ ...Taehyung ခါးလေးကိုဆွဲဖက်လာတဲ့ Jungkook လက်တွေကြားမရုန်းကန်မိ...Jungkook ကသာသူနဲ့တစ်ဦးတည်းသော ရင်းနှီးဖူးတဲ့လူသားမလို့.....

Taehyung Jungkook မျက်နှာကို လက်နှစ်ဖက်နဲ့ပင့်မော့ကာ မျက်ဝန်းတွေထဲစိုက်ကြည့်လိုက်ရင်း....

"ငါ့ကို ဒီအဖြစ်အပျက်တွေမေ့သွားတဲ့အထိ ကြင်နာပေးပါ...."

"Baby.."

Jungkook က အံသြစွာသူ့ကိုခေါ်လာသည် ....Taehyung ခေါင်းငြိမ့်ပြလိုက်ရင်း...

"မင်းပဲ..မင်းကိုပဲ ငါလက်ခံနိုင်မှာမလို့...."

Jungkook ရင်ထဲပျားရည်မြစ်လေးစီးဆင်းသွားသည်...ဒါ Baby သူ့ကို တရားဝင်ယောကျာ်းအဖြစ်အသိမှတ်ပြုလိုက်တာမလား....

ငိုထားလို့မျက်ခွံလေးတွေနဲ့နှာသီးဖျားလေးတွေပါ နီရဲတွတ်နေတဲ့ မျက်နှာလေးက ချစ်ဖို့ကောင်းစွာ Jungkook မျက်နှာနားမှာ နီးကပ်နေသည်...Jungkook ပြုံးလိုက်ရင်း ခါးလေးပေါ်မှာဖက်ထားတဲ့လက်ကိုပိုမိုနီးကပ်သွားအောင် အားထည့်လိုက်ပြီး....

"မောင်လို့ခေါ်မယ်ဆိုရင်...."

"မင်း လူလည်မကျနဲ့နော်..."

အလန့်တကြားမော့ကြည့်ကာ ရန်ပြန်လုပ်နေတဲ့ကောင်လေးကို Jungkook တကယ်အသည်းယားပါသည်...ချစ်တဲ့စိတ်တွေလည်း တရိတ်ရိတ်မြင့်တက်နေရသည်...နီစွေးနေတဲ့ ကကြီးပုံနှုတ်ခမ်းလေးကိုစိုက်ကြည့်မိရင်း ရင်ထဲဗလောင်ဆူလာသည်...

💜 Next to You 💜Where stories live. Discover now