အခန်း-၂၆(ပြသာနာ)

Start from the beginning
                                    

" ငါ မသိဘူး "   ​ပေါ်ယွီ ခဏ​လောက် တိတ်ဆိတ်သွားပြီး ခပ်တိုးတိုး ပြန်​ဖြေလိုက်သည်။

​ကော်ရစ်ဒါမှာ ​ဆေးလိပ်​သောက်တဲ့အချိန်တုန်းက သူ စုန့်ရှီလင်ဆီ ဖရဲသီး​လေးကို ဂရုစိုက်ထား​ပေးဖို့ ​မေးကြည့်ချင်ခဲ့သည်။ဒါ​ပေမယ့် သူ မလုပ်ခဲ့​ပေ။

" ​ကော , ကျွန်​တော်ကို သူငယ်ချင်းတစ်​ယောက်လို သ​ဘောထားရင် ဖရဲသီး​လေးကို ကျွန်​တော့်ဆီ ပို့လိုက်ပါ "   ​မော့အန်းယွီ ​ပြောလိုက်သည်။

​ပေါ်ယွီက ရုတ်တရက် အံ့အားသင့်သွားတဲ့ မျက်နှာအမူအရာနဲ့အတူ ဖုန်း​ပေါ်မှာရှိတဲ့ ​မော့အန်းယွီကို ကြည့်လိုက်သည်။

​​မော့အန်းယွီက ဘာလို့ အရမ်းကြင်​နာတတ်​နေရတာလဲ ?

" ကျွန်​တော် အင်တာဗျူး နည်းနည်းပါးပါး ​ဖြေစရာကလွဲရင် ​နောက်လ၀က်​လောက်က လုပ်စရာမရှိ​တော့ဘူး ။ ကျွန်​တော် အိမ်မှာ နားနေလို့ရတယ် "   ​မော့အန်းယွီက အ​ကြောင်းပြချက်တစ်ခုကို ​ရေးဆွဲကာ ​ပေါ်ယွီကို ​ပြောလိုက်သည်။   " ကျွန်​တော် ဖရဲသီး​လေးကို တကယ်သ​ဘောကျတယ် ။ ​ကော တကယ်လို့ ဖရဲသီး​လေးကို စိတ်ပူ​နေတုန်းပဲဆိုရင် ​ကျွန်​တော် ​ကောဆီကို နာရီခြား video call ​ခေါ်​ပေး​နေမယ်​လေ "

​ပေါ်ယွီ အသက်ပြင်းပြင်းတစ်ချက် ရှိုက်ရှူကာ ​ပြောလိုက်သည်။   " ငါ နားမလည်ဘူး "

သူ ​မော့အန်းယွီနဲ့ သိခဲ့တာ လွန်ခဲ့တဲ့တစ်လ​ကျော်​​ကျော်​​လောက်ကပဲဖြစ်သည်။သူတို့နှစ်​ယောက်က ​ကောင်း​ကောင်း ပလဲနံပသင့်ကြတယ်ဆို​ပေမယ့် သူတို့က အရမ်း​ကောင်းတဲ့ သူငယ်ချင်း​တွေမဟုတ်​ချေ။

​မော့အန်းယွီ ပြုံးလိုက်သည်။   " ကျွန်​တော်က ကိုယ့်ဘာသာကိုယ် တီဗွီဇာတ်လမ်းတွဲတစ်ခု​လောက် ရိုက်ချင်​နေတာ ။ ​ကောကို ကျွန်​တော်တို့နဲ့ ပူး​ပေါင်း​ပေးဖို့ ​မျှော်လင့်ပါတယ်​နော် "

" ပြီး​တော့ ဖရဲသီး​လေးက ​နေ့ခင်းဘက်​တွေဆို ​ကျောင်းသွား​နေတာပဲဟာ ။ ကျွန်​တော်က သူ့ကို ညကျရင် အိပ်ရာထဲ​ခေါ်ဖို့ပဲ တာ၀န်ယူ​ပေးရမှာ ။ အဲဒါကလည်း ကိစ္စကြီးမှ မဟုတ်တာကို "   ​မော့အန်းယွီက နူးညံ့ညင်သာစွာ ဆိုလိုက်သည်။   " ​ကော , ကျွန်​တော်နဲ့အတူ အလုပ်လုပ်ဖို့ ဘယ်လိုလဲဟင် ? "

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now