...Jungkook ငါ့ကိုကယ်ပါ....

"မင်းကိုယ်လေးက မွှေးနေတာပဲ အလှလေးရဲ့...သိလား...မင်းကိုဒီည..."

....ခွပ်....

...အားး...

ထိုလူ့ခေါင်းပေါ်ကနေဖြာခနဲထွက်သွားတဲ့ သွေးတွေ...

"ခွေးသူတောင်းစား....မင်းကများ...ငါ့ Baby ကို..."

"ခွပ်...ခွပ်...ဒုန်းး...."

Taehyung မြင်နေရတာက ထိုလူ့အပေါ်ကနေတက်ခွကာ လက်ထဲက တုပ်နဲ့အားရပါးရ  တစ်ချက်ချင်းလွှဲရိုက်နေတဲ့ Jungkook...

"သေလိုက် ဟေ့ရောင်..ဒီလက်လား ငါ့ Baby ခန္ဓာကိုယ်ကို ထိတွေ့တာ..."

....ဂျွတ်...

....အားးးးး....

ထိုလူ့လက်တွေကို လိမ်ချိုးပစ်တဲ့ Jungkook...

"အော်...သေအောင်အော်...ထပ်အော်ရမှာတွေကျန်သေးတယ်..."

Jungkook က ဒေါသကြောင့် မျက်ဝန်းတွေကနီရဲကာ အသားတွေတုန်နေသည်...မေးကြောတွေတင်းထောင်နေကာ လူသတ်ချင်တဲ့အငွေ့အသက်အပြည့်နဲ့ပင်....

ထိုလူ့ပေါ်ကနေ ထသွားပြီး စားပွဲပေါ်က အသီးခြင်းထဲက ဓားကိုယူလာကာ...

"မင်းလို တဏှာရူးမျိုးက သေသွားမှ နားအေးမှာ...သူများတွေကို တဏှာရူးတာငါမသိပေမယ့် ဒီတစ်ခါမင်းထိပါးလိုက်တာ ငါ့ Baby ကွ..."

"မလုပ်ပါနဲ့...."

ထိုလူက ခပ်တိုးတိုးတောင်းပန်လာသည်...Jungkook ကတဟားဟားအော်ရယ်ကာ..

"ခွင့်လွှတ်ပေးရမယ်ပေါ့....အဟက်...မင်းသေတောင်ငါမကျေနပ်ဘူး...သေဖို့အဆင်သင့်ပဲလား.."

Taehyung လန့်သွားရသည်...ထိုလူကတော့ သောက်ခွက်တစ်ခုလုံးစုတ်ပြတ်သတ်နေကာ မြင်လို့တောင်မကောင်းတော့ပေ...Jungkook မျက်လုံးတွေကမူမမှန်...ဒေါသတွေ ခံပြင်းမှုတွေအပြည့်ထင်ဟပ်နေလေသည်....

"Jungkook...."

Taehyung ခေါ်သံကြောင့် Jungkook က ဓားကြီးကိုင်ထားပြီး ခြေလှမ်းတွေရပ်တန့်သွားကာ...

"Baby...ခနလေး...ကိုယ်သူ့ကိုသတ်ပြီးရင် မင်းကြောက်စရာမလိုတော့ဘူး..."

"Jungkook မလုပ်နဲ့..."

Taehyung တားမှဖြစ်မည်...သူ့ကြောင့် Jungkook ကိုလူသတ်သမားမဖြစ်စေလိုပါ...

💜 Next to You 💜Where stories live. Discover now