ထိုလူကမ်းပေးတဲ့ခွက်ကိုလှမ်းယူကာ ခွက်ချင်းတိုက်ကြရင်း တစ်ပြိုင်ထဲမော့သောက်ကြသည်...

"Wow... မင်းကအတော်သောက်နိုင်တာပဲ..."

Taehyung ပြန်ပြောမလို့ပြင်ပေမယ့် ခေါင်းတွေမူးလာကာ မျက်လုံးတွေကမဖွင့်ချင်ဖြစ်လာရသည်...သူ့ပုံစံကို လက်ထဲကဝိုင်ခွက်ကိုကစားကာ ပြုံးပြီးကြည့်နေတဲ့ အရှေ့က လူရဲ့မဲ့ပြုံးကိုလည်း သူမမြင်မိတော့ ..ဘာမှသူမသိတော့ပဲ အရာအားလုံးမှောင်အတိကျသွားသည်...

Tiger နှုတ်ခမ်းတို့က ပြုံးလိုက်ပြီး...

..Bingo....

..............

Taehyung နိုးလာတော့ ခေါင်းတွေကမူးနောက်နေလေသည်...လက်တွေနဲ့ ခြေထောက်တွေက ကြိုးနဲ့တုပ်ခံထားရကာ ပါးစပ်တွေကိုပါ ပိတ်ခံထားရသည်.....အခန်းအခြေအနေအရ သူသွားတဲ့ Club မှာပဲရှိနေသေးတာကို သိရသည် ...VVIP ခန်းတစ်ခန်းဖြစ်မယ်နဲ့တူတယ်...

မျက်လုံးတွေကို အလုပ်ပေးမိတော့ Taehyung ရှိတဲ့ကုတင်ခပ်လှမ်းလှမ်းမှာ ဆိုဖာခုံတွေရှိကာ Taehyung ကိုကျောပေးပြီး ထိုခုံပေါ်မှီရင်း ဆေးလိပ်သောက်နေတဲ့လူတစ်ယောက်....

...သူ့ကိုဘာလို့ဖမ်းချုပ်ထားရတာလဲ...ဒီလူက သူ့ဆီကဘာလိုချင်တာလဲ....

...အွန်းးး...အွန်း...

Taehyung ရုန်းကန်အော်ဟစ်ပေမယ့် အချည်းနှီးသာ....ထိုလူက Taehyung ဆီကအသံကြောင့် ခုံပေါ်ကနေ ထလာကာ အနားလျှောက်လာသည်...Taehyung သိလိုက်ပြီ...သူနဲ့ခုနကအတူသောက်ဖို့ကမ်းလှမ်းခဲ့တဲ့လူ....

"မင်းနိုးပြီလား..."

ထိုလူက Taehyung နားလျှောက်လာကာ ပါးပြင်ကိုလက်တစ်ဖက်နဲ့ပွတ်သပ်လာရင်း...

"မင်းကိုသတ်ပစ်ရမှာ သိပ်နှမြောဖို့ကောင်းလွန်းတယ် အလှလေးရဲ့.."

Taehyung ထိုလူ့လက်တွေမျက်နှာကိုထိကိုင်နေတာကနေ ရုန်းထွက်နေမိသည်...ထိုလူက Taehyung ရုန်းတာကိုမြင်တော့ ဒေါသထွက်ကာ မေးကြောတွေထောင်ထတဲ့အထိအံကြိတ်လိုက်ရင်း...

"ငြိမ်ငြိမ်နေစမ်း...မင်းလိမ္မာရင် မင်းကိုမသတ်ဘူး...ငါ့ကိုဒေါသထွက်အောင်မလုပ်နဲ့..."

💜 Next to You 💜Where stories live. Discover now