Taehyung ရှိရာနေရာသို့ ခပ်လှမ်းလှမ်းကနေကြည့်နေတဲ့ Tiger...ဒီကောင်လေးနား ဘယ်လိုချည်းကပ်ရမလဲစဉ်းစားနေမိပေမယ့် ခုထိနည်းလမ်းမတွေ့...ဒီကောင်လေးကို နောက်ယောင်ခံလိုက်နေတာ ကြာပြီ......ဟိုတစ်ခါ ဆိုင်ကယ်ကိစ္စတုန်းကရင်း သေပြီမှတ်တာကို ဒီကောင်လေးက ဘာမှမဖြစ်ဘူးတဲ့လေ...အခုမှ သူ့ ဂွင်ထဲဝင်လာတော့သည်...
Taehyung အနှိပ်ခံချင်တာနဲ့ အနှိပ်ခန်းရှိတဲ့ဘက်လာခဲ့လိုက်သည်...နောက်ကနေ Tiger လိုက်လာတာကို သူမသိပေ...
....Hum... Baby...So.....good...
....Ah...မြန်မြန်လေး...
Taehyung အပေါက်တင်ကြောင်ကြည့်နေမိသည်...အနှိပ်ခန်းက ယောကျာ်းလေးတွေချည်းဆိုပေမယ့် ဒီလိုကိစ္စမျိုး ရှိမယ်လို့မထင်ထားမိ...သူတံခါးခေါက်ပေမယ့် အထဲက သူတို့အာရုံနဲ့သူတို့မကြားတာပဲဖြစ်မည်...အခုတော့ သူ့မျက်စိရှေ့တင် ယောကျာ်းသားနှစ်ယောက်က...
Taehyung စိတ်ထဲ တစ်စုံတစ်ခုကိုသတိရမိတော့ မျက်နှာကရဲခနဲ ....အမြန်လှည့်ထွက်လိုက်တော့ လူတစ်ယောက်နဲ့ ဝင်တိုက်ပြီး လဲကျမလိုဖြစ်သွားရသည်...ဟန်ချက်ပျက်သွားတဲ့ Taehyung ကိုထိုသူကဖမ်းဆွဲလိုက်ပြီး...
"သတိထားလေ..."
"ကျေးဇူးပဲ..."
"ကျေးဇူးတင်ရင် ကိုယ်နဲ့အတူသောက်ရအောင် အဖော်မရှိလို့..."
Taehyung မငြင်းမိဘဲ ထိုသူနဲ့အတူသောက်ဖို့ထွက်လာလိုက်သည်....
"မင်းဘာအရသာကြိုက်လဲ ကောင်လေး..."
"စတော်ဘယ်ရီ..."
"ကိုယ်မှာပေးမယ်..."
ထိုလူက ဝန်ထမ်းကောင်လေးကိုခေါ်ရင်း မှာပေးနေလေသည်...Taehyung ထိုလူ့ကိုမသိမသာအကဲခတ်နေမိသည်...
ထိုလူက အသက်သုံးဆယ်ကျော်အရွယ်ဖြစ်ကာ ပုံစံကတိကျပြတ်သားမဲ့ပုံစံပင်....Suit ကို All Black ဝတ်ထားပြီး ဆံပင်တွေကိုနဖူးဖော်ထားကာအပြောင်သိမ်းထားသည်...ပါးသိုင်းမွှေးစိမ်းဖန့်ဖန့်နဲ့မျက်ခုံးမျက်လုံးကောင်းကာ ယောကျာ်းပီသတဲ့ပုံမျိုးပင်....
Taehyung လူကောင်းလားလူဆိုးလားမခွဲခြားတတ်ပေမယ့် အခုညတော့ သူတစ်ယောက်ထဲမသောက်ရတာသေချာသည်...
BINABASA MO ANG
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-16
Magsimula sa umpisa
