Jungkook မျက်မှောင်ကျုံ့သွားရင်း...

"ဘာ Club သွားမှာလဲ...ဘာလုပ်ဖို့လဲ..."

...ကျစ်....ဒီကောင်ကတော့....

Taehyung စိတ်ညစ်ညူးစွာ ခေါင်းပေါ်ကဆံပင်ကိုဖွလိုက်ရင်း...

"Club သွားမယ်ဆိုမှတော့ ငါက တရားသွားထိုင်ရမှာလား...သောက်ရူးရ..."

Jungkook က Taehyung စကားကြောင့်ငြိမ်သွားရင်း Taehyung လက်က ဆင်တူလက်စွပ်ဆီအကြည့်တို့ပို့မိသည်...မိဘတွေဆီသွားရင် သူတို့နှစ်ယောက်လုံး လက်စွပ်ထုတ်ဝတ်ကြသည်...အခုဆို Taehyung ကထုတ်ဝတ်ထားတယ်လို့ပြောရမည်...Jungkook က Taehyung ကိုစချစ်နေမှန်းသိကတည်းက မချွတ်တန်းဝတ်ထားတော့တာရယ်...

"Baby က အိမ်ထောင်သည်ဆိုတာ မမေ့နဲ့....ကောင်မလေးတွေမခေါ်နဲ့ဦး...မူးတာနဲ့ ph ဆက်ခေါ်နော်...ကိုယ်မလိုက်တာက Company မှာ အစည်းဝေးရှိလို့..."

Jungkook စကားတို့ကို မမှိတ်မသုန်နားထောင်နေတဲ့ Taehyung မျက်နှာက လုံးဝကိုစိတ်ရှည်မနေဘူးဆိုတဲ့ရုပ်လေးနဲ့....

"မင်းပြောချင်တာ ဒါပဲမလား..."

Taehyung က ကားပေါ်က ဆင်းသွားပြီး တံခါးကိုဆောင့်ပိတ်ကာ...

"မောင်းတော့..."

ကားထဲက Jungkook မျက်ဝန်းတွေက မခွဲနိုင်မခွာရက်မျက်လုံးတွေနဲ့ ပါသွားသည်...Taehyung ခေါင်းရမ်းကာ ခပ်တိုးတိုးရယ်မိသည်...

...ကလေးဆန်လိုက်တာ....

..............

Taehyung Club ရောက်တော့ သိပ်မကချင်တာနဲ့ ဘားမှာထိုင်ကာ Dancing floor မှာကနေတဲ့သူတွေကိုသာ အရက်သောက်ရင်းကြည့်နေမိသည်....

အတိုအပြတ်နဲ့မိန်းကလေးတွေက မမြင်အပ်တာတွေကိုလှစ်ဟပြထားကာ DJ စည်းချက်နဲ့အညီ အပီကဲနေကြသည်...ကောင်တွေမျက်နှာမှာလည်း စားနေကြကြောင်ပါးတွေလိုအဆီတဝင်းဝင်းတွေနဲ့...Taehyung က Club လာပေမယ့် ဒါမျိုးတွေရင်မခုန်ပေ....

စိတ်ညစ်ရင်စိတ်ပြေလက်ပျောက်လာသောက်ချင်းပင်ဖြစ်သည်...Taehyung ယူနေကျ အထူးခန်းရောက်ရင် ဆေးလိပ်သောက်သည်...တစ်ခုရှိသေးတာက ဒီ Club မှာတစ်ကိုယ်လုံးအကြောလျှော့ပေးတဲ့ အနှိပ်ခန်းရှိသည်...ယောကျာ်းလေးတွေပဲနှိပ်ပေးတာဖြစ်တာကြောင့် Taehyung အတွက်အဆင်ပြေသည်....

💜 Next to You 💜Where stories live. Discover now