"ဘယ်လို..."

Taehyung နဲ့ Jungkook ကသံပြိုင်ထွက်ကာ အံ့သြသွားကြသည်....

သူဌေး Kim ကပြုံးကာ....

"နှစ်ဖက်မိဘမှာ မြေးဦးမှမရှိသေးတာ ..မင်းတို့ကို ကလေးယူခိုင်းမလို့...."

"ဟုတ်တယ် နှစ်ယောက်ထဲကတစ်ယောက် ဖန်ပြွန်နဲ့ကလေးယူမလား...ဒါမှမဟုတ်..."

Jungkook ကဒေါသထွက်သွားကာ....

"ခင်ဗျားတို့ပေးစားထားတာ ယောကျာ်းလေးတွေ...မိန်းကလေးတွေများမှတ်နေတာလား မျိုးဆက်မွေးရအောင်.....မြေးချီချင်ရင် အစောကတည်းက ယောကျာ်းမပေးစားခဲ့သင့်ဘူး..."

Jungkook စကားအဆုံးလူကြီးနှစ်ယောက်မျက်နှာကွက်ခနဲပျက်သည်...ခုထိစကားဝိုင်းထဲဝင်မပါတဲ့ Taehyung ကို သူ့ပါပါးကကြည့်ကာ...

"ဆရာဝန်နဲ့တိုင်ပင်ပြီး...ယူဖို့လုပ်လိုက်ပါ...."

"ကျစ်....အဓိပ္ပါယ်မရှိတာ ပါပါးရာ...ပြီးတော့ ကျွန်တော့မျက်နှာကိုဘာလို့လာကြည့်နေကြတာလဲ ....လူကိုအထင်လာသေးနေတာလား ..အဲ့လောက်တောင် ကလေးလိုချင်လည်း ကိုယ့်ဘာသာမွေးကြလေ..."

"Kim Taehyung..."

သူဌေး Kim က ဝင်ဟန့်သည်...ဝန်ကြီးချုပ် Jeon ကတော့မျက်လုံးတောင်ပြူးသွားသည်...သားရောသားမက်ရောက တကယ့်မလွယ်ကြောလေးတွေ ...အေးပေါ့လေ အသွင်တူလို့ အိမ်သူဖြစ်ဆိုလိုသလိုပေါ့...ဂျိုကုတ်ရှိရာ ဂျိုကုတ်လာတာမဆန်းပါဘူး....

Jungkook က ဝုန်းခနဲထရပ်ကာ Taehyung လက်ကိုဆွဲလိုက်ပြီး ထစေလိုက်ရင်း....

"ဒီကိစ္စမရှိခဲ့ဘူးလို့ပဲ သဘောထားလိုက်ကြပါ...."

နှစ်ယောက်သား ကားပေါ်ရောက်တာနဲ့ Necktie တွေကိုဆွဲဖြုတ်ကာ ဟူးခနဲလေမှုတ်ထုတ်လိုက်တာတောင်အတူတူ...မွန်းကျပ်သည် သူတို့ပေးစားလို့ယူထားတာတောင်ကံကောင်းကို ...ကလေးလာမွေးခိုင်းနေကြတာ...ဘယ့်နှယ်...လူကြားလို့တောင်မကောင်းဘူး....

"ကားရပ်...."

Taehyung ကကားရပ်ခိုင်းတော့ လမ်းဘေးတစ်နေရာမှာ ကားရပ်သွားပြီး ဆင်းဖို့လုပ်သည်...

"Baby ဘယ်သွားမလို့လဲ..."

"Club သွားမလို့ မင်းကို...နေရာတကာရှင်းပြနေရတာပဲ...."

💜 Next to You 💜Where stories live. Discover now