"ဟုတ်ကဲ့ Hyg...."
Hyg တို့နှစ်ယောက်ထွက်သွားမှ Taehyung သက်ပြင်းချနိုင်တော့သည်...
...........
"Hoseok အဲ့ဒီကောင်လေးက မင်းရုံးခန်းထဲမှာချိတ်ထားတဲ့ ပုံထဲကကောင်လေးမလား...."
"အင်း John..."
"မင်း ကြိုးစားနေတာ သူ့ကိုလက်ထပ်ဖို့ဆို အခုက ဘယ်လိုဖြစ်လို့...."
Hoseok ပြုံးလိုက်ရင်း.....
"သူက ငါ့ညီလေးပါကွာ...."
John လည်းထပ်မပြောတော့ .....Hoseok New York ရောက်လို့ ကျောင်းစတက်ကတည်းကရင်း John နဲ့ပေါင်းလာတာမလို့ Hoseok မျက်နှာကိုကြည့်တာနဲ့ အရိပ်အကဲသိသူမို့လို့ပင်...
John က Hoseok ပုခုံးကိုပုတ်ကာ....
"မင်း အစားငါခနဝင်ထားလိုက်မယ်....မင်း ညီလေးကိုစောင့်ရှောက်လိုက်ဦး....Fighting ပါ ငါ့ကောင်ရာ ဖူးစာမပါလို့လို့ပဲ တွေးလိုက်ပါ...."
"အေးပါ ... ငါအဆင်ပြေပါတယ်.."
Hoseok အခန်းထဲဝင်လာတော့ Hoseok နဲ့မျက်လုံးချင်းမဆုံဘဲ ရှောင်နေတဲ့ Taehyung.....
"TaeTae ....Jungkook ကရော..."
"မသိဘူး....."
Hoseok အံ့သြသွားရသည်...TaeTae ကိုထားပြီး သူကဘယ်ကိုသွားခဲ့တာတဲ့လဲ...ဒီလိုအခြေအနေမျိုးမှာတောင်....
"ရန်ဖြစ်ကြတာလား....ဘာလို့ရန်ဖြစ်ရတာလဲ TaeTae ...သူကမင်းအမျိုးသားလေ...တော်တန်ရုံသည်းခံမှပေါ့..."
"Hyg က Tae ကိုအပြစ်လာတင်နေတာလား...Hyg ဘာမှမသိဘဲနဲ့...သူနဲ့က ကွာရှင်းမှာ..."
"ဘယ်လို...."
"ဟုတ်တယ် Hyg...အချစ်မပါဘဲ မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ Tae တို့အိမ်ထောင်ရေးကို အဆင်ပြေနေတယ်လို့ထင်နေတာလား..."
Hoseok မှာ ဘာမှမပြောနိုင်တော့ပေ....မျက်နှာမကောင်းတဲ့ TaeTae နားဝင်ထိုင်လိုက်ရင်း...
"အခု ဒီလိုအခြေအနေတွေတောင်ဖြစ်သွားပြီပဲဟာ...စိတ်စေရာအတိုင်းလိုက်လုပ်လို့မရတော့ဘူးလေ...TaeTae တို့လက်ထပ်ထားတာက တစ်နိုင်ငံလုံးအသိပဲ...အခုမှ သုံးလကျော်ကျော်လေးရှိသေးတာ ..ကွာရှင်းဖို့ ဘယ်လိုတောင်စဉ်းစားလိုက်တာလဲ...TaeTae တို့ကကွာရှင်းမယ်ပဲထား...သူ့အဖေနဲ့ ပါပါးနဲ့က သဘောတူလက်ခံပြီး ဒီတိုင်းကြည့်နေမယ်ထင်လို့လား...."
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-15
Start from the beginning
