Jungkook ကိုမော့ကြည့်ကာ မျက်ရည်တွေပြည့်အိုင်လာတဲ့မျက်ဝန်းဝိုင်းလေးတွေကြောင့် Jungkook နှုတ်ခမ်းတွေနဲ့မျက်ခွံလေးတွေပိတ်ကျသွားသည်အထိတိုးတိုက်နမ်းရှိုက်မိသည်...

Jungkook နားလည်ပါသည် ..သူ့လိုမာနခဲကောင်လေးက Jungkook အောက်မှာနေဖို့စိတ်တောင်ကူးခဲ့ဖူးမှာမဟုတ်ပေ....ဆေးကြောင့်သာ သူနေလိုက်ရတာကြောင့် ဝမ်းနည်းခံပြင်းနေမှာ ဒီကောင်ငယ်လေးက.....

ငိုတော့မယောင် မဲ့လာတဲ့နှုတ်ခမ်းလေးကို ခပ်ဖွဖွငုံထွေးရင်း....

"ချစ်တယ် Baby....ကိုယ်မင်းကို အတည်ချစ်တာ..."

"မနက်ကျရင် တွေ့မယ်...မင်း...သောက်ကောင်...လူယုတ်မာ...လူဆိုး..."

Jungkook သဘောကျစွာရယ်မိသည်...အင်းပေါ့လေ ဒီလိုဖြစ်ထားတာတောင် မဆဲလာရင် Kim Taehyung ဘယ်ဟုတ်ပါ့မလဲ....

Jungkook သူ့ကိုယ်မွှေးမွှေးအေးအေးလေးကို အတင်းဖျစ်ညှစ်ပစ်ကာ....

"ဆဲပေါ့....မင်းဆဲလေ ကိုယ်ကအသည်းယားလေ ..မင်းမထနိုင်လေပဲ မှတ်...."

လက်ခလယ်ထောင်ပြတဲ့ အရိုင်းတုံးလေးရဲ့လက်လေးကို Jungkook ဆွဲယူကာ ပါးစပ်ထဲထည့်ကိုက်ပစ်သည်...

"အာ့!...."

Jungkook ကိုက်တာနာသွားသည်ထင်တယ်....အာ့ခနဲအသံလေးထွက်လာကာ Jungkook ကိုမကျေမနပ်ကြည့်လာသည်...Jungkook နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်အိအိလေးကိုသပ်တင်ပေးတော့ ပေါ်လာတဲ့ နဖူးပြင်လှလှလေးပေါ် အနမ်းတွေခြွေရင်း...

"အိပ်တော့နော်...ကိုယ့် Baby လေးပင်ပန်းသွားရပြီ...မနက်မှ ထပ်စိတ်ဆိုးတော့..."

"........"

"ဘာလဲ မအိပ်ချင်တော့ဘူးလား Jeon Taehyung က....အဲ့တာဆို..."

"မင်းနော်...."

Jungkook အသည်းယားစွာ လိုက်နမ်းနေတော့ သူ့မျက်နှာကို လက်လေးတွေနဲ့တွန်းကာ...

"ငြိမ်ငြိမ်နေ ငါ အိပ်တော့မလို့...."

"ဟုတ်ပါပြီဗျာ...."

Taehyung အိပ်ပျော်သွားတာတောင် မအိပ်ဘဲ တစ်ဖွဖွနမ်းနေတဲ့ Jungkook .....အဲ့သလောက်ကို Jeon Taehyung ဆီမှာ လှလှပပကျရှုံးသွားခဲ့ရပါသည်.....








💜 Next to You 💜Donde viven las historias. Descúbrelo ahora