Jungkook အထုတ်တွေသယ်ပြီး Taehyung နေတဲ့အခန်းကိုရှာကာ ဝင်သွားလိုက်သည်...အိပ်ရာပေါ်လှဲချကာ ခုနကရုတ်တရက်နမ်းမိသွားတာကိုပြန်စဉ်းစားရင်း နှုတ်ခမ်းတွေကအပြုံးတို့ဖြစ်ထွန်းလျက်...
....Baby ပါးလေးက အိစက်ပြီးမွှေးနေတာပဲ....
...................
ညစာထမင်းစားပွဲဝိုင်းမှာ ငြိမ်သက်စွာထိုင်နေကြတဲ့ သုံးယောက်....Hoseok ကပြုံးလိုက်ရင်း...
"Wow TaeTae က အသားကင်နဲ့ ဟမ်ဘာဂါလုပ်ထားပေးတာပဲ...စားကြလေ ကလေးတွေ...Jungkook ရောထည့်စား..."
"ဟုတ်ကဲ့...."
ဘာစကားမှမဆိုဖြစ်ကြဘဲ တိတ်ဆိတ်စွာ အစားစားနေကြရင်း Taehyung က ခုံမှထရပ်ကာ...
"အအေးသောက်ရအောင် Orange Juice ဖျော်လာခဲ့မယ်နော် Hyg..."
"အင်း TaeTae..."
Taehyung ထွက်သွားတော့မှ Hoseok က Jungkook ကိုသေချာကြည့်ကာ...
"Jungkook ကို TaeTae လှမ်းခေါ်လိုက်တာလား..."
"မဟုတ်ဘူး....ကျွန်တော့်အမျိုးသားကို စိတ်မချလို့လိုက်လာတာ..."
"Aww...."
Jungkook က ထရပ်ကာ...
"ကျွန်တော်သူ့ကို သွားကူလိုက်ဦးမယ်..."
"အင်း Jungkook..."
Hoseok သက်ပြင်းချကာ ကျန်ခဲ့ရသည်....အင်းလေ အစကတည်းကရင်း သူကအပြင်လူသက်သက်ပဲ..
Jungkook မီးဖိုခန်းဝနားရောက်တော့ အအေးခွက်ထဲအမှုန့်တစ်ချို့ထည့်နေတဲ့ Taehyung...Jungkook နားထဲ Taehyung ပြောသည့် ငါက Hyg ကိုအပိုင်ကြံမှာဆိုတဲ့စကားကိုကြားယောင်လာကာ သဘောပေါက်သွားမိသည်...
"Taehyung..."
Jungkook ခေါ်သံကြောင့် Taehyung ရင်ထဲထိတ်သွားရကာ အအေးခွက်ကို မွှေနေတဲ့လက်တို့က ရပ်တန့်သွားရသည်....
"အသားကင်ထပ်လိုချင်လို့လေ ထည့်ပေးနိုင်မလား..."
"အင်း ရတာပေါ့...."
Taehyung အသားကင်ထည့်နေတုန်း ဆေးခပ်ထားတဲ့ခွက်ကို လဲလိုက်တဲ့ Jungkook....
"အအေးတွေ ငါသယ်သွားပေးရမလား..."
Taehyung ကတန်းကမန်းလှည့်လာကာ Jungkook လက်ထဲ အသားကင်ပန်းကန်ထိုးပေပြီး....
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-14
Start from the beginning
