"အသားကင်ထပ်လိုချင်လို့လေ ထည့်ပေးနိုင်မလား..."
"အင်း ရတာပေါ့...."
Taehyung အသားကင်ထည့်နေတုန်း ဆေးခပ်ထားတဲ့ခွက်ကို လဲလိုက်တဲ့ Jungkook....
"အအေးတွေ ငါသယ်သွားပေးရမလား..."
Taehyung ကတန်းကမန်းလှည့်လာကာ Jungkook လက်ထဲ အသားကင်ပန်းကန်ထိုးပေပြီး....
"ငါ သယ်လိုက်မယ်..."
Taehyung ဆေးထည့်ထားတဲ့ခွက်ကို Hyg ရှေ့သေချာချပေးလိုက်ရင်း...
"Hyg အအေးရောသောက်နော်..."
ဘာမှမသိရှာသော Hoseok ကတော့ ပြုံးကာ ခေါင်းညိမ့်ပြသည်....Jungkook လည်းသူ့ခွက်သူမြှောက်လိုက်ရင်း...
"Cheer လုပ်ကြမယ်....ပြီးရင် တစ်ခါတည်းမော့ကြေး...."
Taehyung ပြုံးသွားကာ Jungkook ကိုကျေးဇူးတင်သလိုတောင်ကြည့်လာသေးသည်...Jungkook ရဲ့မျက်နှာက မဲ့ပြုံးကိုတော့ Taehyung သတိမထားမိပေ...
စားသောက်ပြီးတော့ Taehyung နဲ့အတူ Hyg ကသိမ်းဆည်းပေးနေသည်...Jungkook ကတော့အပြင်ခနထွက်သွားလေရဲ့....
Taehyung မသိမသာ Hyg ကိုအကဲခတ်နေတော့ Hyg က အေးအေးဆေးဆေးပင်...Taehyung မျက်မှောင်လေးတွေကျုံ့သွားမိသည်...တစ်နာရီမပြည့်သေးလို့နေမှာပါ...
ခနနေတော့ Jungkook ပြန်ရောက်လာကာ အခန်းထဲဝင်သွားသည်....ဧည့်ခန်းထဲ Hyg နဲ့အတူတူထိုင်နေရင်း Hyg ကထရပ်ကာ..
"အိပ်ချင်လိုက်တာ...Hyg အရင်အိပ်နှင့်ပြီ TaeTae ...မနက်ကျ အစောကြီးသွားရမှာကျောင်းကို...TaeTae လည်းညည့်မနက်စေနဲ့နော်...."
"မဟုတ်သေးဘူးလေ...."
"ဟင်..."
"အော် ဘာမှမဟုတ်ဘူး Hyg..."
"အင်းအင်း..."
Hyg အခန်းထဲဝင်သွားတော့ Taehyung TV ဆက်ကြည့်နေကာ စတော်ဘယ်ရီလေးစားရင်းသာယာနေလေသည်...ခနကြာတော့ Taehyung ရင်ထဲပူလောင်လာသည်...မနေတတ်လောက်အောင် လူကပူလာတာကြောင့် အခန်းထဲအမြန်ပြေးဝင်လာတော့ ကုတင်ပေါ်မှာစာဖတ်နေတဲ့ Jungkook...
Taehyung မျက်နှာလေးက ချွေးစလေးတွေစို့လာကာ တစ်ကိုယ်လုံးပူလောင်လာသည်...ဆေးထည့်ထားတဲ့ခွက်ကို သူမှားသောက်မိတာလား....
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-14
Start from the beginning
