Jungkook ကိုဆဲသွားကာ မီးဖိုခန်းထဲအလျင်အမြန်ဝင်သွားတဲ့ Taehyung ....Jungkook သဘောကျစွာတဟားဟားအော်ရီမိသည်...သူဒီလိုလေးကြားချင်နေတဲ့ဟာကို အဲ့တာကြောင့် Taehyung ပါပါးကို ph မခေါ်ဘဲခေါ်ချင်ယောင်ဆောင်ခဲ့တာ..Baby အဆိုးလေးက ထူပူပြီး ဒေါသထွက်ဖို့ပဲသိသည်...

Jungkook အထုတ်တွေသယ်ပြီး Taehyung  နေတဲ့အခန်းကိုရှာကာ ဝင်သွားလိုက်သည်...အိပ်ရာပေါ်လှဲချကာ ခုနကရုတ်တရက်နမ်းမိသွားတာကိုပြန်စဉ်းစားရင်း နှုတ်ခမ်းတွေကအပြုံးတို့ဖြစ်ထွန်းလျက်...

....Baby ပါးလေးက အိစက်ပြီးမွှေးနေတာပဲ....

...................

ညစာထမင်းစားပွဲဝိုင်းမှာ ငြိမ်သက်စွာထိုင်နေကြတဲ့ သုံးယောက်....Hoseok ကပြုံးလိုက်ရင်း...

"Wow TaeTae က အသားကင်နဲ့ ဟမ်ဘာဂါလုပ်ထားပေးတာပဲ...စားကြလေ ကလေးတွေ...Jungkook ရောထည့်စား..."

"ဟုတ်ကဲ့...."

ဘာစကားမှမဆိုဖြစ်ကြဘဲ တိတ်ဆိတ်စွာ အစားစားနေကြရင်း Taehyung က ခုံမှထရပ်ကာ...

"အအေးသောက်ရအောင် Orange Juice ဖျော်လာခဲ့မယ်နော် Hyg..."

"အင်း TaeTae..."

Taehyung ထွက်သွားတော့မှ Hoseok က Jungkook ကိုသေချာကြည့်ကာ...

"Jungkook ကို TaeTae လှမ်းခေါ်လိုက်တာလား..."

"မဟုတ်ဘူး....ကျွန်တော့်အမျိုးသားကို စိတ်မချလို့လိုက်လာတာ..."

"Aww...."

Jungkook က ထရပ်ကာ...

"ကျွန်တော်သူ့ကို သွားကူလိုက်ဦးမယ်..."

"အင်း Jungkook..."

Hoseok သက်ပြင်းချကာ ကျန်ခဲ့ရသည်....အင်းလေ အစကတည်းကရင်း သူကအပြင်လူသက်သက်ပဲ..

Jungkook မီးဖိုခန်းဝနားရောက်တော့ အအေးခွက်ထဲအမှုန့်တစ်ချို့ထည့်နေတဲ့ Taehyung...Jungkook နားထဲ Taehyung ပြောသည့် ငါက Hyg ကိုအပိုင်ကြံမှာဆိုတဲ့စကားကိုကြားယောင်လာကာ သဘောပေါက်သွားမိသည်...

"Taehyung..."

Jungkook ခေါ်သံကြောင့် Taehyung ရင်ထဲထိတ်သွားရကာ အအေးခွက်ကို မွှေနေတဲ့လက်တို့က ရပ်တန့်သွားရသည်....

💜 Next to You 💜Where stories live. Discover now