"Hello....သူဌေး Kim...."
Taehyung မျက်လုံးလေးတွေပြူးသွားကာ Jungkook နားက ph ကိုအပြေးလုမိသည်...Jungkook ကလည်း ph ကိုအပါမခံဘဲရှောင်တိမ်းနေတော့ Taehyung ကလုရင်း ဆိုဖာပေါ်မှာ နှစ်ယောက်သားရုန်းရင်းဆန်ခတ်တွေဖြစ်နေကာ လုံးထွေးနေသလိုရှိသည်...
"Jeon Jungkook မင်းမညစ်နဲ့...."
"မင်း ဘာတွေလုပ်နေလဲဆိုတာ မင်းပါပါးကိုအသိပေးရမှာပေါ့...."
"အေး မင်းတွေ့မယ်..."
...ခွပ်....
"အာ့....."
Taehyung က သူ့ခေါင်းနဲ့ Jungkook မျက်နှာကိုတိုက်ချလိုက်တာမို့ Jungkook နာကျင်သွားရကာ နှာခေါင်းကိုဖိကိုင်ထားမိသည် ....ဒီဟာလေး ဒီလိုလုပ်လာမယ်လို့သူမထင်ထားမိတာကြောင့် အငိုက်မိသွားခဲ့တာ....
Jungkook သူ့လက်တွေကိုချုပ်ကိုင်ကာ ဆိုဖာပေါ်လှဲချပြီး အပေါ်ကနေအုပ်မိုးပစ်သည်....နှစ်ယောက်သား Ph လုရင်း လုံးထွေးထားတာကြောင့် Taehyung မျက်နှာလေးမှာချွေးစလေးတွေစို့ကာ နှုတ်ခမ်းရဲရဲလေးတွေက ခပ်ဟဟလေးပွင့်ဟရင်း အသက်ရှုနေရလေသည်...နီးကပ်လွန်းတာကြောင့် ခပ်သင်းသင်းစတော်ဘယ်ရီကိုယ်သင်းနံ့လေးက Jungkook နှာခေါင်းတို့ထဲတိုးဝင်လာခဲ့လျှင်...
"Baby...မင်းအရင်စတာနော်..."
Taehyung Jungkook ရဲ့စကားကြောင့် မျက်လုံးလေးတွေဝိုင်းသွားသည်...သူ့အသံက မူမမှန်ဘူး...Taehyung တွေးလို့တောင်မဆုံးသေး မျက်နှာနားငုံ့ချလာတဲ့ Jungkook ကြောင့် အလျင်အမြန်ဘေးသို့ခေါင်းလှည့်ရှောင်လိုက်လေလျှင်...
Taehyung ပါးပြင်ဖောင်းအိအိလေးထဲသို့ နစ်ဝင်သွားတဲ့ Jungkook နှာခေါင်းလေး....Taehyung တစ်ကိုယ်လုံးအေးစက်တောင့်တင်းသွားကာ အခုထိသူ့အပေါ်ကမဖယ်သေးတဲ့ Jungkook ကိုယ်ကြီးကို အားကုန်တွန်းကာ ထရပ်လိုက်ပြီး...
"မင်း လွန်မလာနဲ့နော်...."
Jungkook ရဲတက်နေတဲ့ မျက်နှာလေးကို အသည်းယားစွာကြည့်နေမိသည်...သူကြည့်နေမှန်းသိတော့ Taehyung ကသူ့အကြည့်တွေကနေရှောင်လွဲကာ နေရခက်နေလေသည်...
"Baby...ရှက်နေတာလား...ဒါမှမဟုတ် ရင်ခုန်သွားတာလား...."
"F...k... Jungkook..."
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-14
Start from the beginning
