Unicode.....







"မင်းကဘာလာလုပ်တာလဲ...."

Taehyung အမေးကို Jungkook က မဖြေပဲ သူ့ကိုယ်လုံးကြီးနဲ့တိုးတိုက်ဝင်သွားရင်း ဧည့်ခန်းမှာ ခပ်တည်တည်ပဲဝင်ထိုင်သည်....တည်တင်းနေတဲ့မျက်နှာပေါ်မှာ ဆံပင်တွေကိုနဖူးပေါ်အောင်ဖြီးလှန်သိမ်းဆည်းထားတာမလို့ မဟာနဖူးပြင်ကျယ်ကျယ်က Jungkook နဲ့အလွန်လိုက်ဖက်ခန့်ညားနေလေသည်...

အပေါ်အောက်အနက်ရောင် Suit ဝတ်ထားကာ ပြောင်လက်နေတဲ့အနက်ရောင်ရှူးဖိနပ်ကထင်းကနဲပင်.... ကြည့်လိုက်တာနဲ့ Jungkook ဆီမှာအရှိန်အဝါတစ်ခုထင်ဟပ်နေသလိုခံစားရသည်...

မေးရိုးထင်းထင်းတွေနဲ့ ပိရိသေသပ်တဲ့နှုတ်ခမ်းတစ်စုံကလည်းလိုက်ဖက်လွန်းသည်...သူ့လောက်မဟုတ်ပေမယ့် Jungkook ကတော်တော်ချောမောတဲ့ယောကျာ်းဖြစ်သည်....

ကိုယ့်ကိုယ်ကိုပြန်ကြည့်မိတော့ တီရှပ်အဖြူပွပွကို ကာကီညိုရောင်ဘောင်းဘီထဲထိုးထည့်ဝတ်ထားပြီး ဆံပင်အိအိတွေက နဖူးပေါ်ဝဲကျနေကာ ချာတိတ်ပေါက်စပုံစံပေါက်နေလေရဲ့....Taehyung ပုံစံကိုစိုက်ကြည့်ကာ ပြုံးနေတဲ့ Jungkook က သူ့ကို သောက်ကလေးပါကွာဆိုတဲ့ အထာနဲ့....

"မင်းကိုဘာလာလုပ်တာလဲလို့မေးနေတာ...ဒီအိမ်မှာ မင်းကိစ္စဘာမှမရှိဘူး.....ပြန်တော့..."

Jungkook က အဟွန်းခနဲမဲ့ကာ....

"ငါ့ကိစ္စက သိပ်ရှိတာပေါ့...မင်းကငါ့ယောကျာ်းလေ...မင်းတစ်ယောက်လုံးရှိနေတဲ့အိမ်ကို ငါလာနေတာ ဘာဖြစ်သွားလို့လဲ...."

Taehyung ဒေါသထွက်ကာ မျက်နှာလေးကနီရဲတက်လာသည်...ဒီကောင် ဒါကိုပဲအပြောကောင်းနေတာ...မျက်နှာကိုက အချိုးမပြေ...

"မင်းး...ပြန်နော်...ငါလက်မခံနိုင်ဘူး ဒါ Hyg အိမ်..."

"ဘာလဲ မင်းရဲ့အချစ်ဟောင်းကြီး Hyg နဲ့နှစ်ယောက်ထဲမကဲရမှာစိုးလို့လား..."

"Jungkook... မင်း သောက်ပါးစပ်ကိုပိတ်ထား..."

Jungkook က ph ထုတ်ကာ တစ်စုံတစ်ယောက်ကိုခေါ်လိုက်သည် ...Taehyung ကိုကြည့်နေတဲ့အကြည့်တွေက စူးရဲနေကာ နည်းနည်းမှပြန်မယ့်ပုံမရှိပေ....

💜 Next to You 💜Opowieści tętniące życiem. Odkryj je teraz