"Kook ကို Min မမုန်းပါဘူး....ချစ်သူတွေမဟုတ်တော့ရင်တောင် Min ခေါ်တိုင်း Kook လာပေးမယ့် သူငယ်ချင်းတွေလုပ်မလား..."
Jungkook ကသဘောတူကြောင်းခေါင်းငြိမ့်ပြကာ Jimin ပါးပြင်က မျက်ရည်တွေကိုသုတ်ပေးနေသည်....
"Kook ကိုလွမ်းတိုင်း ခေါ်နေမှာနော်..."
"ဟုတ်ပါပြီ Min ရယ်..."
Jungkook အိမ်အပြန်လမ်းမှာ စိတ်ချမ်းသာနေမိသည်...အခုဆို Min နဲ့သူ့ကိစ္စက ရှင်းလင်းသွားခဲ့ပြီဖြစ်သည်...Taehyung နဲ့အဆင်ပြေအောင် လုပ်ဖို့ပဲကျန်တော့သည်....
Jimin ဆိုင်သိမ်းပြီး မေမေ့ဆီထွက်လာခဲ့တော့ မေမေ့ မျက်နှာကရွှင်လန်းနေလေသည်...Jimin မေမေ့နားသွားကာ....
"မေမေ ပျော်စရာရှိလို့လား...."
"အင်း သား Jungkook လေး မေမေ့ကိုလာတွေ့တယ်...ခွဲစိတ်တဲ့နေ့ကျ မေမေ့ကိုသားနဲ့အတူ လာစောင့်ပေးမယ်တဲ့...."
"Kook လာသွားတယ်ဟုတ်လား မေမေ..."
"အင်း လာသွားတယ်...မေမေတောင်ပြောလိုက်သေးတယ် သားလေးကိုသူ့ဆီအပ်ပါတယ် စောင့်ရှောက်ပေးပါလို့..."
Jimin မေမေ့နားသွားကာ မေမေ့ကိုယ်လုံးလေးကိုဖက်ထားမိသည်...ဝမ်းနည်းနေတဲ့စိတ်က မိခင်နဲ့ထိတွေ့မိရုံနဲ့တင် ငိုချချင်နေမိသည်....
"Kook က ဘာပြောသွားလဲဟင်..."
"မေမေက သေချာပေါက်ကျန်းမာလာမယ့်ဟာကို ဘာလို့ အဲ့လိုတွေပြောနေရတာလဲတဲ့...သား Jungkook ကလေ လူကြီးကို ဘယ်လိုစိတ်ချမ်းသာအောင်ပြောရမလဲ သိပ်သိတဲ့ကလေး..."
Jimin မျက်ရည်တို့ကို မေမေမသိအောင် မျက်တောင်လေးတွေပုတ်ခတ် ပုတ်ခတ်လုပ်ကာ သိမ်းဆည်းနေမိသည်...Kook ကမေမေစိတ်ချမ်းသာအောင်ပြောတယ်ဆိုတာထက်...သူ့ကိုအပ်ပါတယ်ဆိုတဲ့ မေမေ့စကားကို တစ်ဖက်လှည့်နဲ့ကတိမပေးသွားတာ...
Kook က သားကိုမချစ်တော့လို့ပါ မေမေရယ်...Kook ရင်ထဲမှာ သားမရှိတော့လို့ပါ....
..............
"Hyg....."
"TaeTae ...."
Hoseok ရင်ခွင်ထဲအပြေးဝင်လာတဲ့ကောင်ငယ်လေး Hoseok ပြန်ဖက်ထားမိရင်း ခေါင်းလုံးလေးထဲမျက်နှာအပ်ထားမိသည်....
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-13
Start from the beginning
