Jungkook ကိုဘာစကားမှမဆိုဘဲ မျက်ရည်အပြည့်မျက်ဝန်းတွေနဲ့ ငေးစိုက်ကြည့်လာတဲ့ Min ကိုကြည့်ကာ Jungkook ရင်ထဲလည်းနာကျင်ရသည်...Min ကိုသူ့ကြောင့်မထိခိုက်စေချင်ပေမယ့် သူ့လိုလူမျိုးကိုချစ်သူတော်ထားမိလို့ Min ကပိုထိခိုက်ရသည်....

Taehyung နဲ့မကွာရှင်းရင် Min လည်း ဝန်ကြီးချုပ်ရန်ကနေလွတ်မည်...ပြီးရင် Min တို့သားအမိလည်းထွက်သွားစရာမလိုတော့ပေ...သို့ပေမယ့် Taehyung ကိုမကွာရှင်းချင်တာက Min တို့သားအမိတွက်တွေးပေးခြင်းမဟုတ်ဘဲ ...သူ့နှလုံးသားကြောင့်ဆိုတာ သူကောင်းကောင်းသိသည်...အချစ်ဆိုတာ အနေနီးရင်ဖြစ်ပေါ်တတ်တာပဲလား သူသိချင်သည်...

Min ကိုသူသိပ်ချစ်ခဲ့ပါရဲ့ ဘာကြောင့် Taehyung ကိုသူထပ်ချစ်ရပါသလဲ...အဖြေမရှာတတ်ပေ...တစ်ခုပဲသိသည် Taehyung ကိုသူမဟုတ်တဲ့ အခြားသူဆီမပေးလိုက်နိုင်ပါ...

"Kook ကအနေနီးလို့ သူ့ကိုချစ်သွားတာနေမှာပါ...ဒါပေမယ့် Min ကိုအခုမချစ်တော့ဘူးလား...Min လေ Kook မချစ်တော့ဘူးဆိုတဲ့အရာကြီးကို ရင်မဆိုင်ရဲဘူး...Kook အခြားသူနဲ့လက်ထပ်သွားတာတောင် Kook ကိုမပိုင်ဆိုင်ရတာတောင် Min ကို Kook ချစ်တာပဲဆိုတဲ့စိတ်နဲ့ ရှင်သန်နေခဲ့တာ ..အခု Min ဘယ်လိုလုပ်ရပါ့မလဲ Kook ရယ်..."

"တောင်းပန်ပါတယ် ကိုယ်တကယ်တောင်းပန်ပါတယ် ...Min ကိုကိုယ့်ကြောင့် နာကျင်စေခဲ့မိပြီ...ကိုယ်ကမကောင်းတဲ့ကောင်ပါ...."

Jimin ကိုယ်လေးကိုဆွဲဖက်ကာ တတွတ်တွတ်တောင်းပန်နေတဲ့ Kook...Jimin Kook ပုခုံးထက်ငိုနေမိသည်....Kook  လက်သူကြွယ်က လက်စွပ်ကိုသူမြင်သည် ....Kook ကိုသူများပိုင်တယ်ဆိုတာသူသိပါသည်...ဒါပေမယ့် ချက်ချင်းကြီး လက်လွတ်ဖို့ဆိုတာက ခက်ခဲလွန်းလှသည်....

"Min အနားကနေ ထွက်သွားမှာလားဟင်...Kook"

Jungkook Jimin ကျောပြင်ကိုခပ်ဖွဖွလေးပွတ်သပ်ပေးနေရင်း....

"ကိုယ်က Min အနားမှာ အရင်းနှီးဆုံးသူတစ်ယောက်အဖြစ်အမြဲရှိနေမှာပါ...Min ကိုယ့်ကိုမမုန်းပါနဲ့လား.... Min နဲ့ Min အမေနား ကိုယ်နေချင်ပါသေးတယ်...."

...မုန်းဖို့တဲ့လား Kook ရယ်...ချစ်လို့တောင်မဝတဲ့ဟာ....

Jimin Kook ကိုဖက်ထားရာကနေခွာလိုက်ရင်း မျက်ရည်တွေကြားကနေပြုံးပြမိသည်...Kook ကိုအစကတည်းကရင်း စိတ်မဆင်းရဲစေချင်တာမလို့ ...ချစ်တဲ့သူစိတ်ချမ်းသာဖို့ရည်ရွယ်ရင်း နာကျင်မှုတွေကြားက အဆင်ပြေသလိုပြုံးပြနေရသည်....

💜 Next to You 💜Where stories live. Discover now