အပြန်လမ်းမှာ Min အမေကိုတင်ထားတဲ့ ဆေးရုံဆီခနဝင်ကြည့်မိသည်....Min အမေက Jungkook လက်လေးကိုကိုင်ထားပြီး.....

"သားလေးကိုစောင့်ရှောက်ပေးပါနော်...အန်တီမင်းကိုအပ်ပါတယ်..."

Jungkook ပြုံးပြလိုက်ရင်း...

"အန်တီ့ခွဲစိတ်မှုက အောင်မြင်မယ့်ဟာ ဘာလို့အဲ့လိုစကားတွေပြောနေတာလဲ ....ခွဲတဲ့နေ့ကျ ကျွန်တော် Min နဲ့အတူစောင့်ပေးမှာပါ ....ကျန်းကျန်းမာမာထွက်လာရမယ်နော်.."

Jungkook စကားကြောင့် Min အမေကပြုံးပြသည်...

Jungkook Min အမေနဲ့တွေ့ပြီး Min ဆိုင်ကိုဝင်လာခဲ့သည်....Min ကသူဝင်လာတာမြင်တော့ပြုံးပြလိုက်ရင်း...

"Kook...."

"အင်း Min.... ပြောစရာရှိတယ် Min ကို...."

"ဘာပြောမလို့လဲဟင်..."

Jungkook ဆိုင်ထဲကိုဝေ့ကြည့်လိုက်တော့ လူနည်းနည်းများနေတာနဲ့ ....

"ကိုယ် ကားပေါ်ကနေစောင့်နေမယ် ...."

"အင်း Kook...."

ခနကြာတော့ Min ကသူ့ကားထဲဝင်လာခဲ့သည်...Jungkook သက်ပြင်းဖွဖွချလိုက်ရင်း ပြောသင့်မပြောသင့်ဆုံးဖြတ်နေမိသည်...

"Kook ပြောစရာရှိတယ်ဆို...ပြောလေ..."

Jungkook ဆုံးဖြတ်လိုက်ပြီ ...သူပြတ်သားမှရမယ့်ကိစ္စတွေမို့လို့...

"Min.....ကိုယ် Taehyung နဲ့ကွာရှင်းဖြစ်မှာမဟုတ်ဘူး..."

"ဟင်...."

"ကိုယ် Min ကိုတောင်းပန်ပါတယ်...Min ဆီကိုယ်လာခဲ့မယ်လို့ မျှော်လင့်ချက်ပေးခဲ့မိလို့...."

Jimin ချစ်ရသူရဲ့မျက်ဝန်းတွေကိုကြည့်မိသည်...သူ့ကိုခွင့်လွှတ်ဖို့တောင်းပန်နေတဲ့မျက်ဝန်းတွေထဲ အချစ်ရှိမလား ရှာကြည့်နေမိသေးသည်...Kook မျက်ဝန်းတွေမှာ သူ့အပေါ်အပြစ်လုပ်ထားမိလို့ အားနာတဲ့ပုံစံမျိုးကလွဲပြီး အရင်လို အချစ်တြွေပည့်နေတဲ့မျက်ဝန်းမျိုးမဟုတ်တာတွေ့ရသည်...

"Kook သူ့ကိုချစ်သွားခဲ့တာလား..."

"........."

"မှန်နေတာပဲ...."

Jimin ပါးပြင်ပေါ်လိမ့်ကျစီးဆင်းလာတဲ့မျက်ရည်တွေကိုမသုတ်မိ....ရင်ထဲမှာနာကျင်သည်...ချစ်ရသူကို အစကတည်းက စိတ်ချမ်းသာပါစေဆိုတဲ့စိတ်တစ်ခုထဲနဲ့ အတင်းအကျပ်ဖိအားမပေးပဲ သူများရင်ခွင်ထဲအသာတကြည်ထည့်ပေးခဲ့တာက မချစ်လို့မဟုတ်...သိပ်ချစ်လွန်းလို့သာဖြစ်သည်...ပြီးတော့ ယုံကြည်မှု..
ချစ်ရသူကို ယုံကြည်မိတာ မိမိကလွဲဘယ်သူ့ကိုမှအလွယ်တကူချစ်မသွားနိုင်ဘူးလို့ Jimin ကိုယ့်ကိုယ်ကိုယ်လည်းအထင်ကြီးမိဟန်တူသည်...

💜 Next to You 💜Where stories live. Discover now