Hyg ကိုအရယူဖို့တွေးနေမိရင်း Taehyung ပျော်နေမိသည်...မနက်ဖြန်ကျရင် သူ Hyg ကိုသူပိုင်ဆိုင်ရတော့မှာပါ.....
.......
Taehyung တအားအိပ်ပျော်သွားမိတာနဲ့ နောက်ကျမှ နိုးလာခဲ့သည်...အခန်းထဲကထွက်လာတော့ အပြင်သွားဖို့ပြင်ဆင်နေတဲ့ Hyg...
"TaeTae နိုးပြီလား..."
"ဟုတ်ကဲ့ Hyg..."
"Hyg မနက်စာပြင်ပေးထားတယ်....Hyg ညနေမှစောစောပြန်လာခဲ့မယ်နော်..."
"အင်းပါ Hyg...Tae ညစာပြင်ထားမယ်နော်.."
"Hyg လာမှချက်မယ် TaeTae ဘာမှမလုပ်ထားနဲ့...ထိခိုက်မိမယ်ကြားလား..."
Hoseok စကားကြောင့် ဆူပုတ်သွားတဲ့ကလေးငယ်...Hoseok ကျေနပ်စွာပြုံးကြည့်ကာ နှုတ်ဆက်လိုက်သည်....
"ကဲ သွားပြီ...ဆူပုတ်မနေနဲ့ ရုပ်ဆိုးနေလိမ့်မယ်..."
"Hyg ကလည်းဗျာ..."
Hoseok ရယ်ရင်း အိမ်အပြင်ထွက်သွားတော့ Taehyung က မျက်စိတဆုံးလိုက်ကြည့်နေမိသည်....
Hyg သွားခဲ့မှ Taehyung ညနေအစီအစဉ်တွက် ဈေးဝယ်ထွက်လာခဲ့သည်...မချက်တတ်ပေမယ့် ကိုယ့်အကြံနဲ့ကိုယ်မလို့ ကြိုးစားချက်ကြည့်ရမှာပဲ...
Taehyung အိမ်ပြန်ရောက်တော့ ဝယ်လာတဲ့ပစ္စည်းတွေနေရာချကာ ဧည့်ခန်းက ဆိုဖာပေါ်လှဲရင်း ဟင်းချက် Video တွေကြည့်နေမိသည်...
....Ting Ting....
ဘဲလ်တီးသံကြားတာကြောင့် Taehyung မျက်မှောင်ကျုံ့လိုက်မိသည်...Hyg အသိတွေများ အိမ်လာတာများလား....
Taehyung တံခါးဖွင့်ပေးမိတော့ တွေ့လိုက်ရတဲ့မျက်နှာကြောင့် တအံ့တသြဖြစ်သွားရသည်...
"Jungkook....."
Jungkook က Taehyung ရဲ့တအံ့တသြမျက်နှာလေးကို စူးစိုက်ကြည့်နေရင်း နှုတ်ခမ်းစွန်းတွေကော့တက်သွားတဲ့အထိပြုံးကာ.....
"မင်း ယောကျာ်းကို အိမ်ထဲပေးမဝင်တော့ဘူးလား Kim Taehyung....."
Unicode......
Taehyung နဲ့သူ အဲ့ညကတည်းကရင်း မျက်နှာချင်းမဆိုင်ဖြစ်ကြပေ...ဒီနေ့လည်း Taehyung နဲ့မဆုံအောင် Company ကိုစောထလာခဲ့မိသည်..မနက်ဖြန် Taehyung က New York သွားမှာမလို့ သူလိုက်ဖို့ပြင်ထားမိသည်...သူ့ Hyg ဆိုတဲ့လူနဲ့တစ်ယောက်ထဲပေးမတွေ့နိုင်ပါ....
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-13
Start from the beginning
