Jimin မျက်ရည်တို့ကို မေမေမသိအောင် မျက်တောင်လေးတွေပုတ်ခတ် ပုတ်ခတ်လုပ်ကာ သိမ်းဆည်းနေမိသည်...Kook ကမေမေစိတ်ချမ်းသာအောင်ပြောတယ်ဆိုတာထက်...သူ့ကိုအပ်ပါတယ်ဆိုတဲ့ မေမေ့စကားကို တစ်ဖက်လှည့်နဲ့ကတိမပေးသွားတာ...
Kook က သားကိုမချစ်တော့လို့ပါ မေမေရယ်...Kook ရင်ထဲမှာ သားမရှိတော့လို့ပါ....
..............
"Hyg....."
"TaeTae ...."
Hoseok ရင်ခွင်ထဲအပြေးဝင်လာတဲ့ကောင်ငယ်လေး Hoseok ပြန်ဖက်ထားမိရင်း ခေါင်းလုံးလေးထဲမျက်နှာအပ်ထားမိသည်....
"လွမ်းနေခဲ့ရတာ ...မတွေ့တာဘယ်လောက်တောင်ကြာခဲ့ပြီလဲ..."
"သုံးလပဲရှိသေးတာပါ TaeTae ရယ်....နောက်ဆုံးတစ်ခေါက် TaeTae မင်္ဂလာပွဲမှာတွေ့ကြသေးတာပဲ...."
"ဟုတ်သားပဲ hee.."
လေးထောင့်အပြုံးလေးနဲ့ရယ်ပြလာတဲ့ အကောင်ငယ်လေးကိုကြည့်ကာ Hoseok ပြုံးပျော်နေမိသည် ....မွေးနေ့အမှီရောက်လာပေးတဲ့ ကလေးလေး...ပါရဂူဘွဲ့ယူဖို့ ကျောင်းစာတွေနဲ့လုံးပန်းရင်း လက်တွေ့ဆင်းပြီးလူနာတွေကုနေရပြီဖြစ်တဲ့ Hoseok ကအိမ်တောင်ပြန်မကပ်နိုင်ပေ...
TaeTae လာမယ်ဆိုလို့ ဒီနေ့တစ်ရက်ခွင့်ယူခဲ့ခြင်းဖြစ်သည်....
"အိမ်ထဲဝင်ရအောင်.... Hyg TaeTae ကြိုက်တဲ့ စပါကတီနဲ့ Steak လုပ်ထားတယ်..."
"ဟုတ်ကဲ့ Hyg..."
Hoseok မွေးနေ့ညလေးက TaeTae ရောက်လာတော့အထီးမကျန်တော့ပေ...New York စရောက်ကတည်းက မွေးနေ့တိုင်း သာမာန်နေ့ရက်တွေလိုပဲဖြတ်သန်းခဲ့ရသည်...ပါပါးရဲ့ ပါရဂူဘွဲ့မရမချင်း Korea ကို ပြန်မလာနဲ့ဆိုတဲ့ စကားတစ်ခွန်းကို
Hoseok နားထောင်ခဲ့တာဟာ TaeTae ကို ပါပါးဆီကခွင့်တောင်းပြီး ယူချင်လို့ဖြစ်သည်...
ဒါပေမယ့် အခုတော့ Hoseok မယူရက်တော့...TaeTae ကအိမ်ထောင်ရှိအမျိုးသားလေးဖြစ်နေခဲ့ပြီ...သူ့အချစ်တွေကြောင့် ကလေးငယ်ကို အခက်မတွေ့စေချင်ပေ...TaeTae က Hoseok အပေါ်မှာပဲ သူ့ရဲ့နူးညံ့တဲ့ပုံစံလေးကိုချပြတာဖြစ်လို့ Hoseok ကျေနပ်ပါသည်...ဒီလို ချစ်ရတဲ့ Hyg အနေနဲ့ဖြစ်ဖြစ် ကလေးငယ်ဘေးနားနေသွားချင်သည်....
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-13
Start from the beginning
