"Min အနားကနေ ထွက်သွားမှာလားဟင်...Kook"
Jungkook Jimin ကျောပြင်ကိုခပ်ဖွဖွလေးပွတ်သပ်ပေးနေရင်း....
"ကိုယ်က Min အနားမှာ အရင်းနှီးဆုံးသူတစ်ယောက်အဖြစ်အမြဲရှိနေမှာပါ...Min ကိုယ့်ကိုမမုန်းပါနဲ့လား.... Min နဲ့ Min အမေနား ကိုယ်နေချင်ပါသေးတယ်...."
...မုန်းဖို့တဲ့လား Kook ရယ်...ချစ်လို့တောင်မဝတဲ့ဟာ....
Jimin Kook ကိုဖက်ထားရာကနေခွာလိုက်ရင်း မျက်ရည်တွေကြားကနေပြုံးပြမိသည်...Kook ကိုအစကတည်းကရင်း စိတ်မဆင်းရဲစေချင်တာမလို့ ...ချစ်တဲ့သူစိတ်ချမ်းသာဖို့ရည်ရွယ်ရင်း နာကျင်မှုတွေကြားက အဆင်ပြေသလိုပြုံးပြနေရသည်....
"Kook ကို Min မမုန်းပါဘူး....ချစ်သူတွေမဟုတ်တော့ရင်တောင် Min ခေါ်တိုင်း Kook လာပေးမယ့် သူငယ်ချင်းတွေလုပ်မလား..."
Jungkook ကသဘောတူကြောင်းခေါင်းငြိမ့်ပြကာ Jimin ပါးပြင်က မျက်ရည်တွေကိုသုတ်ပေးနေသည်....
"Kook ကိုလွမ်းတိုင်း ခေါ်နေမှာနော်..."
"ဟုတ်ပါပြီ Min ရယ်..."
Jungkook အိမ်အပြန်လမ်းမှာ စိတ်ချမ်းသာနေမိသည်...အခုဆို Min နဲ့သူ့ကိစ္စက ရှင်းလင်းသွားခဲ့ပြီဖြစ်သည်...Taehyung နဲ့အဆင်ပြေအောင် လုပ်ဖို့ပဲကျန်တော့သည်....
Jimin ဆိုင်သိမ်းပြီး မေမေ့ဆီထွက်လာခဲ့တော့ မေမေ့ မျက်နှာကရွှင်လန်းနေလေသည်...Jimin မေမေ့နားသွားကာ....
"မေမေ ပျော်စရာရှိလို့လား...."
"အင်း သား Jungkook လေး မေမေ့ကိုလာတွေ့တယ်...ခွဲစိတ်တဲ့နေ့ကျ မေမေ့ကိုသားနဲ့အတူ လာစောင့်ပေးမယ်တဲ့...."
"Kook လာသွားတယ်ဟုတ်လား မေမေ..."
"အင်း လာသွားတယ်...မေမေတောင်ပြောလိုက်သေးတယ် သားလေးကိုသူ့ဆီအပ်ပါတယ် စောင့်ရှောက်ပေးပါလို့..."
Jimin မေမေ့နားသွားကာ မေမေ့ကိုယ်လုံးလေးကိုဖက်ထားမိသည်...ဝမ်းနည်းနေတဲ့စိတ်က မိခင်နဲ့ထိတွေ့မိရုံနဲ့တင် ငိုချချင်နေမိသည်....
"Kook က ဘာပြောသွားလဲဟင်..."
"မေမေက သေချာပေါက်ကျန်းမာလာမယ့်ဟာကို ဘာလို့ အဲ့လိုတွေပြောနေရတာလဲတဲ့...သား Jungkook ကလေ လူကြီးကို ဘယ်လိုစိတ်ချမ်းသာအောင်ပြောရမလဲ သိပ်သိတဲ့ကလေး..."
BINABASA MO ANG
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-13
Magsimula sa umpisa
