"TaeTae လက်လေးမှာ ဝတ်မှလှတာ..."
Hyg က Taehyung လက်ကောက်ဝတ်လေးမှာ ဝတ်ပေးရင်း ပြောလာသည်....Hyg ပေးတဲ့လက်ဆောင်လေးကို Taehyung အရမ်းသဘောကျမိသည်...
"ကျေးဇူးပါ Hyg...."
"မဟုတ်တာ Hyg က ပိုကျေးဇူးတင်ပါတယ်...TaeTae ကြောင့် Hyg မွေးနေ့လေးက အသက်ဝင်သွားတာ..."
"Tae ပျော်တယ်...Hyg အနားမှာရှိနေရလို့..."
Hoseok တလက်လက်တောက်ပတဲ့မျက်ဝန်းလေးတွေနဲ့သူ့ကိုကြည့်လာတဲ့ ကလေးငယ်ကို သေချာမကြည့်ရဲပေ...သူ့အချစ်တွေပွင့်ထွက်သွားမှာကြောက်မိသည်.. ကလေးငယ်ကို ချစ်နေတဲ့အကြောင်း သိသွားမှာစိုးရိမ်မိသည်...Hoseok ထရပ်လိုက်ရင်း ...
"TaeTae နားတော့နော် ...လေယျာဉ်စီးလာရတာ ပင်ပန်းနေမှာ...စောစောအိပ်နော်..."
"Hyg ကဘယ်သွားမှာလဲ..."
"Hyg စာကြည့်ခန်းမှာရှိနေမယ်...တစ်ခုခုလိုရင်ခေါ်လိုက်နော်...."
"ဟုတ်ကဲ့ Hyg..."
Taehyung သူ့ကိုပြင်ပေးထားတဲ့အခန်းဆီရောက်တော့ အိပ်ရာပေါ်လှဲချကာ လက်ကောက်ဝတ်က ဟန်းချိန်းလေးကို ကြည့်ကာပြုံးနေမိသည်...Hyg နဲ့ရှိနေရင် စိတ်ချမ်းသာသည်...Hyg ကိုတစ်သက်လုံးအနားမှာရှိနေစေချင်မိသည်...
Jungkook နဲ့က အချိန်မရွေးကွာရှင်းလို့ရသည်...သူနဲ့ Jungkook ကဘာမှ လွန်ကျူးထားတာမဟုတ်ပေ...လွန်ကျူးထားမိရင်တောင် သူတို့က ယောကျာ်းလေးတွေဖြစ်တာမလို့ ကွာရှင်းချင်ရင် ဘာမှထည့်တွက်နေစရာမလိုပေ...
Hyg ကိုအရယူဖို့တွေးနေမိရင်း Taehyung ပျော်နေမိသည်...မနက်ဖြန်ကျရင် သူ Hyg ကိုသူပိုင်ဆိုင်ရတော့မှာပါ.....
.......
Taehyung တအားအိပ်ပျော်သွားမိတာနဲ့ နောက်ကျမှ နိုးလာခဲ့သည်...အခန်းထဲကထွက်လာတော့ အပြင်သွားဖို့ပြင်ဆင်နေတဲ့ Hyg...
"TaeTae နိုးပြီလား..."
"ဟုတ်ကဲ့ Hyg..."
"Hyg မနက်စာပြင်ပေးထားတယ်....Hyg ညနေမှစောစောပြန်လာခဲ့မယ်နော်..."
"အင်းပါ Hyg...Tae ညစာပြင်ထားမယ်နော်.."
"Hyg လာမှချက်မယ် TaeTae ဘာမှမလုပ်ထားနဲ့...ထိခိုက်မိမယ်ကြားလား..."
Hoseok စကားကြောင့် ဆူပုတ်သွားတဲ့ကလေးငယ်...Hoseok ကျေနပ်စွာပြုံးကြည့်ကာ နှုတ်ဆက်လိုက်သည်....
"ကဲ သွားပြီ...ဆူပုတ်မနေနဲ့ ရုပ်ဆိုးနေလိမ့်မယ်..."
"Hyg ကလည်းဗျာ..."
Hoseok ရယ်ရင်း အိမ်အပြင်ထွက်သွားတော့ Taehyung က မျက်စိတဆုံးလိုက်ကြည့်နေမိသည်....
Hyg သွားခဲ့မှ Taehyung ညနေအစီအစဉ်တွက် ဈေးဝယ်ထွက်လာခဲ့သည်...မချက်တတ်ပေမယ့် ကိုယ့်အကြံနဲ့ကိုယ်မလို့ ကြိုးစားချက်ကြည့်ရမှာပဲ...
Taehyung အိမ်ပြန်ရောက်တော့ ဝယ်လာတဲ့ပစ္စည်းတွေနေရာချကာ ဧည့်ခန်းက ဆိုဖာပေါ်လှဲရင်း ဟင်းချက် Video တွေကြည့်နေမိသည်...
....Ting Ting....
ဘဲလ်တီးသံကြားတာကြောင့် Taehyung မျက်မှောင်ကျုံ့လိုက်မိသည်...Hyg အသိတွေများ အိမ်လာတာများလား....
Taehyung တံခါးဖွင့်ပေးမိတော့ တွေ့လိုက်ရတဲ့မျက်နှာကြောင့် တအံ့တသြဖြစ်သွားရသည်...
"Jungkook....."
Jungkook က Taehyung ရဲ့တအံ့တသြမျက်နှာလေးကို စူးစိုက်ကြည့်နေရင်း နှုတ်ခမ်းစွန်းတွေကော့တက်သွားတဲ့အထိပြုံးကာ.....
"မင်း ယောကျာ်းကို အိမ်ထဲပေးမဝင်တော့ဘူးလား Kim Taehyung....."
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-13
Start from the beginning
