"လွမ်းနေခဲ့ရတာ ...မတွေ့တာဘယ်လောက်တောင်ကြာခဲ့ပြီလဲ..."

"သုံးလပဲရှိသေးတာပါ TaeTae ရယ်....နောက်ဆုံးတစ်ခေါက် TaeTae မင်္ဂလာပွဲမှာတွေ့ကြသေးတာပဲ...."

"ဟုတ်သားပဲ hee.."

လေးထောင့်အပြုံးလေးနဲ့ရယ်ပြလာတဲ့ အကောင်ငယ်လေးကိုကြည့်ကာ Hoseok ပြုံးပျော်နေမိသည် ....မွေးနေ့အမှီရောက်လာပေးတဲ့ ကလေးလေး...ပါရဂူဘွဲ့ယူဖို့ ကျောင်းစာတွေနဲ့လုံးပန်းရင်း လက်တွေ့ဆင်းပြီးလူနာတွေကုနေရပြီဖြစ်တဲ့ Hoseok ကအိမ်တောင်ပြန်မကပ်နိုင်ပေ...

TaeTae လာမယ်ဆိုလို့ ဒီနေ့တစ်ရက်ခွင့်ယူခဲ့ခြင်းဖြစ်သည်....

"အိမ်ထဲဝင်ရအောင်.... Hyg TaeTae ကြိုက်တဲ့ စပါကတီနဲ့ Steak လုပ်ထားတယ်..."

"ဟုတ်ကဲ့ Hyg..."

Hoseok မွေးနေ့ညလေးက TaeTae ရောက်လာတော့အထီးမကျန်တော့ပေ...New York စရောက်ကတည်းက မွေးနေ့တိုင်း သာမာန်နေ့ရက်တွေလိုပဲဖြတ်သန်းခဲ့ရသည်...ပါပါးရဲ့ ပါရဂူဘွဲ့မရမချင်း Korea ကို ပြန်မလာနဲ့ဆိုတဲ့ စကားတစ်ခွန်းကို
Hoseok နားထောင်ခဲ့တာဟာ TaeTae ကို ပါပါးဆီကခွင့်တောင်းပြီး ယူချင်လုိ့ဖြစ်သည်...

ဒါပေမယ့် အခုတော့ Hoseok မယူရက်တော့...TaeTae ကအိမ်ထောင်ရှိအမျိုးသားလေးဖြစ်နေခဲ့ပြီ...သူ့အချစ်တွေကြောင့် ကလေးငယ်ကို အခက်မတွေ့စေချင်ပေ...TaeTae က Hoseok အပေါ်မှာပဲ သူ့ရဲ့နူးညံ့တဲ့ပုံစံလေးကိုချပြတာဖြစ်လို့ Hoseok ကျေနပ်ပါသည်...ဒီလို ချစ်ရတဲ့ Hyg အနေနဲ့ဖြစ်ဖြစ် ကလေးငယ်ဘေးနားနေသွားချင်သည်....

ကလေးငယ်ပေးတဲ့မွေးနေ့လက်ဆောင်ဖြစ်တဲ့ Rolex နာရီက Limited အနေနဲ့ထုတ်ထားတဲ့နာရီဖြစ်ကာ အပြာရောင်တောက်နေတာကြောင့် Hoseok ပြုံးလိုက်မိသည်...သူအပြာရောင်ကြိုက်တာ ကလေးငယ်သိနေတာပဲ...

"TaeTae ....Hyg လည်း လက်ဆောင်ပြန်ပေးချင်လို့..."

"ဟင် ဘာလဲ Hyg...မွေးနေ့ရှင်က မွေးနေ့လက်ဆောင်ပြန်ပေးတာ  Tae မတွေ့ဖူးပါဘူးနော်..."

Hoseok ပြုံးကာ ခုံပေါ်ကနေထသွားရင်း ကတ္တီပါဘူးလေးထုတ်ယူလာခဲ့သည်...ဘူးလေးကိုဖွင့်ကြည့်တော့ ဟန်းချိန်းလေး....စိန်ပွင့်လေးတွေနဲ့အလှဆင်ထားတဲ့ဟန်းချိန်းလေးက တလက်လက်တောက်ပနေကာ အလယ်ကကျောက်နှစ်လုံးကကျ ခရမ်းရောင်နဲ့အစိမ်းရောင်လေးဖြစ်ကာ အရမ်းလှပသည်..

💜 Next to You 💜Where stories live. Discover now