"ဟာကွာ....တောက်......"
ဝုန်း...ဒုန်း...
စားပွဲပေါ်က ပစ္စည်းတွေအကုန် ဆွဲရမ်းချပစ်ကာ လက်နှစ်ဖက်ကို စားပွဲစွန်းပေါ်ထောက်ထားရင်း ခေါင်းငိုက်စိုက်ကျနေတဲ့ Jungkook...
...ဘယ်တော့မှ ငါတို့နီးစပ်မှာလဲ Taehyung....
...................
Jungkook အိမ်ပြန်ရောက်တော့ Taehyung ကပြန်မလာသေးပေ...ည ၈ နာရီဆိုတဲ့အချိန်က အရမ်းနောက်မကျသေးပေမယ့် ရန်ဖြစ်ထားကြတာမလို့ ပြန်မလာသေးတာကို Jungkook ဘဝင်မကျ....
"Taehyung ဘယ်မှာလဲ စုံစမ်းပေး..."
အစောင့်တွေကိုပြောပြီး အပေါ်ထပ်တက်လာခဲ့သည် ....အခန်းထဲမှာ Taehyung ပစ္စည်းတွေအကုန်ရှိနေသေးတာမလို့ Jungkook ဆီလာသောင်းကျန်းသွားပြီးကတည်းက အိမ်ပြန်မလာမှန်း သိလိုက်ရသည် ...Jungkook သက်ပြင်းဖွဖွချလိုက်ရင်း ရေချိုးဖို့ပြင်လိုက်သည်....
ကားနက်တစ်စီးက Paradise Club ရှေ့ထိုးရပ်လာကာ အမဲရောင်တူညီဝတ်စုံနဲ့လူတွေထွက်လာပြီး Jungkook ပါကားပေါ်ကဆင်းလာသည်...Paradise က တော်ရုံတန်ရုံ Club မဟုတ်ဘဲ တကယ့်ဒိတ်တွေပဲတက်ခွင့်ရတဲ့ Club...Taehyung ဒီမှာရှိနေတယ်လို့သိရတာကြောင့် Jungkook လိုက်လာခဲ့ခြင်းဖြစ်သည်..
VVIP ခန်းမှာ အကောင်းစားဝိုင်ကိုအရသာခံကာသောက်နေရင်း Taehyung လက်တွေကလည်းဘေးနားက ကောင်မလေးရဲ့ခါးထက်မှာပြေးလွှားနေသည်....
Taehyung က တော်တန်ရုံကောင်မလေးခေါ်တတ်သူမဟုတ် ....အသန့်ကြိုက်သူဖြစ်တာကြောင့် Paradise Club ပိုင်ရှင်က Taehyung အကြောင်းသိသူပီပီ ထိပ်တန်းငါးယောက်ထဲက Oh Group ရဲ့သမီးကိုကမ်းလှမ်းထားပေးသည်...
သိပ်လှတဲ့ကောင်မလေးက Taehyung လိုပဲမာနကြီးတယ်တဲ့လေ ..ဘယ်ကောင်ကိုမှ အနားကပ်မခံပဲ သူနဲ့တန်းတူလောက်နဲ့မှ အတူရှိနေချင်သည်ဆိုပဲ...ထိပ်တန်းငါးယောက်ဆိုတာ နိုင်ငံရဲ့အချမ်းသာဆုံး သူဌေးငါးယောက်ကိုရည်ညွှန်းတာဖြစ်သည်...
Taehyung ပါပါးက Top 3 ဖြစ်ပြီး....Oh Group က Top 4 ဖြစ်တာကြောင့် တကယ့် RK ချင်းတွေ့မိချင်းရယ်ပါ....
Taehyung ဘေးနားမှာထိုင်နေရင်း Taehyung ပါးပြင်ကိုပွတ်သပ်နေတဲ့ ကောင်မလေးက ဆွဲဆောင်မှုရှိပြီး အရုပ်လေးလိုလှတာကိုတော့ ဝန်ခံရမည်ဖြစ်သည်...သို့ပေမယ့် Taehyung ရင်မခုန်....သူရင်ခုန်တဲ့သူကသက်သက်ရှိပြီးသားမလို့....
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-12
Start from the beginning
