Jungkook ကြမ်းပြင်ပေါ်လဲကျသွားတာကို Taehyung ကအပေါ်ကနေခွထားရင်း တရစပ်ထိုးနေတော့သည်...ညိုမဲဖူးယောင်နေတဲ့ Jungkook က Taehyung ကိုတစ်ချက်လေးမှပြန်မလုပ်ပေ....

Jungkook ကိုအားရအောင်ထိုးပြီးမှ Taehyung ထရပ်ကာ ....

"ငါတို့ ကွာရှင်းကြရအောင် မင်းလိုကောင်နဲ့ ငါဆက်မနေနိုင်ဘူး...."

"မကွာရှင်းဘူး....၆ လမပြည့်သေးဘူး..."

"အဲ့ဒီ သောက်ရေးမပါတဲ့ ၆ လဆိုတာကို ထည့်တွက်မနေစမ်းပါနဲ့....ငါ့ကိုစိတ်ဒုက္ခပေးတဲ့မင်းနဲ့ တစ်စက္ကန့်လေးတောင် အတူမရှိချင်ဘူး.."

Jungkook စိတ်တိုသွားကာ ချက်ချင်းထရပ်လိုက်ပြီး Taehyung အကျီကော်လံစကိုဆောင့်ဆွဲလိုက်ရင်း....

"ဒါက ကစားနေတာမဟုတ်ဘူး....အိမ်ထောင်ရေးကွ...မင်းငါ့ကိုစိတ်ကြိုက်ထိုးကြိတ်ပြီးပြီပဲ...တော်လောက်ပြီ Taehyung..."

"အေး ငါကမင်းကို သတ်ပါသတ်ပစ်ချင်တာ...သိလား...မင်းဖျက်ဆီးလိုက်တာ ဆိုင်ကယ်လေးတစ်စီးပဲမဟုတ်ဘူး...မင်းနဲ့ငါ့ရဲ့အခြေအနေရောပဲ...မင်းကိုမုန်းတယ် Jungkook...."

....တောက်....

Jungkook က တစ်ဖက်လှည့်သွားရင်း ခံပြင်းစွာတောက်ခေါက်သည်...

"ပြောစမ်းပါ အဲ့ဒီဆိုင်ကယ်က မင်းအတွက်ဘယ်လောက်တောင်....."

"Hyg ပေးထားတာ...ငါချစ်တဲ့သူပေးထားတာကွ...အဲ့တာကိုငါဘယ်လောက်တန်ဖိုးထားရသလဲ...မင်းမသိပါဘူး...."

Jungkook ရင်ထဲနာကျင်သွားရသည်...သူက Taehyung အတွက်အရေးမပါဘူးပဲ...Taehyung ရင်ထဲမှာ သူဆိုတာ မြူမှုန်လောက်တောင် မရှိဘူး...

"၆ လပြည့်မှ ကွာရှင်းမယ် Taehyung....မင်းသိမှာပါ စိတ်လိုက်မာန်ပါလုပ်တာ နှစ်ယောက်လုံးအတွက်မကောင်းဘူးဆိုတာ ....ငါတို့ချစ်တဲ့သူတွေကို ငါတို့ကာကွယ်ရဦးမှာ..."

"မင်းငါ့ကို လာဆုံးမ မနေပါနဲ့...မင်းကဘာကောင်မို့လို့လဲ..."

"လောလောဆယ်တော့ မင်းယောကျာ်းပဲ..."

"Fu...k.... Jungkook.... သွားသေလိုက်..."

ခြေလှမ်းကျဲတွေနဲ့ထွက်ခွာသွားတဲ့ Taehyung နောက်ကျောပြင်ကို Jungkook ငေးကြည့်ရင်းကျန်နေခဲ့ရသည်....Taehyung ရဲ့မုန်းတယ်ဆိုတဲ့စကားကိုပြန်ကြားယောင်မိတော့ ရင်ထဲကမွန်းကျပ်လာကာ ဒေါသတွေထွက်လာမိတော့...

💜 Next to You 💜Where stories live. Discover now