Taehyung ကမာမားသွေးပါတာတဲ့... Taehyung မာမားက နိုင်ငံခြားတွေမှာလုပ်တဲ့ပွဲတွေအထိ ဝင်ပြိုင်တဲ့ Biker တစ်ယောက်ဖြစ်သည်..
မာမား ဆုံးတာ Taehyung 7 နှစ်သားအရွယ်...မာမားဆုံးရတာလည်း အဲ့ဒီဆိုင်ကယ်ကြောင့်ပဲဖြစ်သည်...ပြိုင်ပွဲဝင်နေတုန်း မာမားထိခိုက်ခဲ့ရတာတဲ့....Taehyung ကငယ်သေးတော့ဘာမှမသိပေမယ့် ဆိုင်ကယ်စီးဝါသနာပါတာကတော့ မာမားသွေးပါလာခြင်းဖြစ်သည်...
Taehyung ကို ပါပါးက ဆိုင်ကယ်ပေးမစီးပါ...မာမားလိုဖြစ်မှာစိုးလို့စိုးရိမ်တယ်ဆိုတာထက် Taehyung ကတော့ချုပ်ချယ်တယ်လို့ပဲတွေးမိတာဖြစ်သည်...
Hyg ရောက်လာတော့ Taehyung အရမ်းဝါသနာပါတဲ့ ဆိုင်ကယ်ကို ပါပါးမသိအောင် ခိုးစီးစေခဲ့သည်...အခုစီးနေတဲ့ဆိုင်ကယ်က Hyg ပေးထားတဲ့ Taehyung ရဲ့မွေးနေ့လက်ဆောင်...Taehyung အရမ်းတန်ဖိုးထားသည်...ထို့ကြောင့် ကားတွေရှိနေတာတောင် Hyg ပေးထားတယ်ဆိုတဲ့အသိနဲ့ ဒီဆိုင်ကယ်ကိုပဲစီးနေခဲ့ခြင်းဖြစ်သည်...
အရွယ်ရောက်လာတဲ့ Taehyung က ငယ်ငယ်ကတည်းကရင်း မိဘရင်ခွင်နဲ့ဝေးကွာခဲ့သလိုဖြစ်နေသည်...ပါပါးကလည်း အမြဲအလုပ်ရှုပ်နေတော့ Taehyung ကို အမြဲဂရုမစိုက်နိုင်ခဲ့ပေ....Taehyung နဲ့ပါပါးက အရင်က ဆက်ဆံရေးပြေလည်ပေမယ့် Taehyung ဆိုင်ကယ်စီးတာကိုသိလို့ ထိုးလိုက်တဲ့နေ့ကတည်းက သားဖနှစ်ယောက်က စိမ်းသွားကြခြင်းဖြစ်သည်...Hyg ကိုနိုင်ငံခြားပို့လိုက်တာလည်းပါသည်....
Taehyung ပါပါးကိုအကုန်အရွဲ့တိုက်သည် ....မလုပ်နဲ့ပြောရင်အကုန်လုပ်ပြသည်...တစ်ဦးတည်းသော သားဖြစ်တဲ့အပြင် အထီးကျန်စွာကြီးပြင်းလာတဲ့ Taehyung က ဘယ်သူ့ခံစားချက်ကိုမှ ဂရုမစိုက်တတ်တဲ့ ဂျစ်ကန်ကန်ကောင်လေးဖြစ်လာခဲ့သည်....သူဂရုစိုက်တာ Hyg ကိုပဲ....အထီးကျန်တဲ့ Taehyung ဘဝမှာ Hyg က အဖော်လိုပဲဖြစ်ခဲ့ကာ ဘာညားညားတိုင်ပင်အားကိုးခဲ့ရတဲ့ သူဖြစ်ပေးခဲ့သည်...
Taehyung သိချင်သည်...Hyg သူ့ကိုတကယ်ညီလေးလိုပဲချစ်တာလား ဒါမှမဟုတ် အဲ့ထက်ပိုသလားဆိုတာကို....Taehyung မင်္ဂလာပွဲတုန်းက မျက်လုံးတွေနီရဲတဲ့အထိ ငိုခဲ့တဲ့ Hyg ဟာ သူ့ကိုချစ်နေတယ် ယုံကြည်နေမိသည်....
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-11
Start from the beginning
