"မင်းဗိုက်ဆာနေလား....ခနလေး မင်းကို စွပ်ပြုတ်ထည့်ပေးမယ်...."
Jungkook သူ့ကို ဘာမှမပြောဘဲ မျက်တောင်မခတ်မျက်လုံးဝိုင်းတွေနဲ့လိုက်ကြည့်နေတဲ့ Taehyung ကြောင့် နည်းနည်းနေရခက်မိသွားသည်....Jungkook အမြန်ထရပ်ကာ စားပွဲပေါ်က ငါးဆင့်ချိုင့်ထဲက Taehyung အတွက်လုပ်ပေးထားတဲ့ စွပ်ပြုတ်ကိုထည့်နေမိသည်....
Taehyung ရဲနေတဲ့ Jungkook မျက်နှာကြောင့် နှုတ်ခမ်းထောင့်စွန်းလေးတွေကွေးတက်သွားတဲ့အထိ ပြုံးလိုက်ရင်း...
"Jungkook...မင်း ငါ့ကိုစိတ်ပူနေခဲ့တာလား...."
"ဝေးသေး...ငါကလား..."
Taehyung ကိုလှည့်မကြည့်ဘဲ ပြန်ဖြေတဲ့ Jungkook....Jungkook အဖြေကြောင့် Taehyung သဘောကျစွာရယ်မိသည်....
"ဘာရယ်တာလဲ မင်းက...."
Taehyung နားစွပ်ပြုတ်ပန်းကန်လေးကိုင်ကာ ရောက်လာတဲ့ Jungkook ကမေးလာသည်...Taehyung က မျက်ခုံးလေးပင့်ပြကာ စားပွဲပေါ်က Coffee ထုပ်တွေကို မျက်စပစ်ပြသည်...
Jungkook မျက်နှာက ထိတ်ခနဲ စိုးရိမ်မှုတွေဖြတ်ပြေးသွားတာကို Taehyung သေချာကြည့်နေရင်း....
"စိတ်မပူတဲ့သူက Coffee တွေသောက်ပြီး မအိပ်ဖို့ကြိုးစားခဲ့တာလား....."
Jungkook ဘာပြောရမှန်းမသိတော့ဘဲ စွပ်ပြုတ်ပန်းကန်ကို Taehyung ဘေးနားက စားပွဲပေါ်ချကာ ....
"မင်းဘာသာမင်းပဲ...."
"မဟုတ်ဘူး....မင်းခွံ့ပေး...."
Taehyung စကားကြောင့် အကြည့်ချင်းဆုံသွားတဲ့ မျက်ဝန်းနှစ်စုံ....နှစ်ယောက်လုံးရဲ့ ရင်ထဲကသံစဉ်တွေလည်း စည်းချက်ညီနေကြရင်းပေါ့.....
Unicode....
Taehyung ဒီနေ့ညနေ ဆိုင်ကယ်စီးပြိုင်ပွဲရှိတာကြောင့် တက်ကြွနေမိသည်...ပြိုင်ပွဲလိုအကြီးအကျယ် ပရိသတ်တွေနဲ့ ကွင်းကြီးထဲမှာပြိုင်တာမဟုတ်ဘဲ...သူ့လို Rich Kid တွေချည်းသက်သက်ပြိုင်တဲ့ ပွဲမျိုးဖြစ်သည်....
ပြိုင်ပွဲက နှစ်တိုင်းကျင်းပကာ Taehyung က ဝင်ပြိုင်တိုင်း ပထမရသည်...အခုထိ သူ့ကိုကျော်ပြီး စီးနိုင်တဲ့သူ မရှိသေးပေ...သူဆိုင်ကယ်ကို ကျွမ်းကျင်စွာစီးတတ်တာ ဝါသနာကြောင့်ဖြစ်သည်...
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-11
Start from the beginning
