...ဟင် ပါပါးက ငိုတယ်...

"ဆိုင်ကယ်မစီးခိုင်းလို့ သူဌေး Kim ကို မခေါ်တာဆိုရင် မင်းမှားသွားပြီ...သူကမင်းကိုဆုံးရှုံးရမှာကြောက်နေခဲ့တာ...မင်းကနားလည်ပေးလိုက်ပါ..."

Jungkook စကားကြောင့် Taehyung မျက်မှောင်လေးကျုံ့သွားရင်း....

"မင်း ဘာမှမသိပါဘူး...."

Jungkook က ထရပ်ကာ

" သူဌေး Kim ကိုငါ ph ဆက်လိုက်ဦးမယ်...သူအရမ်းစိတ်ပူနေခဲ့တာ...မင်းကိုနေ့တိုင်းလာကြည့်တယ်...ဒီနေ့လည်း ခုနကမှပြန်သွားခဲ့တာ...."

Taehyung ဘာမှမပြောတော့ Jungkook ကအခန်းပြင်ထွက်သွားသည်...ဒေါက်တာရောက်လာတော့ Taehyung ကိုပြုံးပြရင်း.....

"သက်သာလား Taehyung..."

"ဟုတ်ကဲ့ သက်သာပါတယ် ဒေါက်တာ..."

"မင်းကကံကောင်းပါတယ်...သူကမင်းကိုသိပ်ချစ်ပုံရတယ်..."

"ဗျာ....."

ဒေါက်တာက အပြင်ဘက်မှာ Ph ပြောနေတဲ့ Jungkook ကိုတစ်ချက်လှည့်ကြည့်ကာ...

"မင်း အမျိုးသားလေ....မင်းသတိမေ့နေတဲ့ တစ်ပတ်လုံး သူမင်းအနားမှာအချိန်ပြည့်ရှိနေတာ... အလုပ်တောင်မသွားဘူးထင်တယ် ညဆို ဒီ ဆိုဖာခုံမှာ laptop တစ်လုံးနဲ့ထိုင်နေတာတွေ့တယ်...မင်းကိုစောင့်ကြည့်ရင်းပေါ့..."

"အာ...ဟုတ်ကဲ့...."

ဒေါက်တာပြန်ထွက်သွားတော့မှ Taehyung အခန်းအပြင်အဆင်ကိုလိုက်ကြည့်နေမိသည်....လူနာခန်းနဲ့မတူအောင် ပြင်ဆင်ပေးထားပြီး ဧည့်ခန်းရယ် TV ရယ်ထည့်ထားသည်...ပြတင်းကလိုက်ကာတွေကအစ ခရမ်းနုရောင်လွင်လွင်လေးသုံးကာ တပ်ဆင်ထားသည်.... အခန်းတစ်ခုလုံးလည်း စတော်ဘယ်ရီနံ့သင်းသင်းလေးရနေလေသည်...အဲ့တာကြောင့် Taehyung သတိရရခြင်းဆေးရုံမှာလို့မထင်မိတာဖြစ်သည်....

Jungkook ပြန်ဝင်လာတော့ Taehyung သူ့ကိုကြည့်မိသည်...မျက်နှာအနည်းငယ်ချောင်ကျသွားတာကလွဲလို့ Jungkook ကချောမောနေဆဲပင်.. တီရှပ်ခဲရောင်ပွပွနဲ့ ဘောင်းဘီရှည်ပွပွကိုဝတ်ထားတဲ့ Jungkook က ဒေါက်တာပြောသလို အလုပ်တောင်သွားပုံမရ....Taehyung ရင်ထဲမသိမသာလေးကျေနပ်သွားသည်...

💜 Next to You 💜Where stories live. Discover now