Jungkook ဒေါသတွေအကုန် အစောင့်တွေအပေါ်ပုံချနေပေမယ့် စိတ်တို့ကမပြေသေး....အိမ်ရှေ့မှာ ဆိုင်ကယ်ပြိုင်ပွဲကနေ ပြန်ယူလာတဲ့ Taehyung ဆိုင်ကယ်....Jungkook မြင်သွားတော့ ထိုဆိုင်ကယ်နားသွားကာ ခြေထောက်နဲ့ကန်လှဲလိုက်ရင်း...

"ဓာတ်ဆီနဲ့မီးခြစ်ယူခဲ့...."

"အစ်...အစ်ကိုလေး Jungkook...."

အစောင့်တွေမျက်နှာက အထိတ်ထိတ်အလန့်လန့်ဖြစ်ကုန်သည်...အစ်ကိုလေး Taehyung က သူ့ဆိုင်ကယ်ကို သိပ်တန်ဖိုးထားတာ ဆေးရင်တောင် သူကိုယ်တိုင်သေချာဆေးတာ ဘယ်သူ့ကိုမှမထိစေပေ...ဒါကို အစ်ကိုလေး Jungkook က ဖျက်ဆီးတော့မယ်တဲ့လား....

"ဘာလုပ်နေတာလဲ...ဘာတွေကြောင်ကြည့်နေတာလဲ...ငါပြောတာမကြားဘူးလား....အခုချက်ချင်းသွားယူ..."

ဘာမှအတွန့်မတက်ရဲကြတော့ ခိုင်းတဲ့အတိုင်းသာ လုပ်ပေးရုံရှိသည်...အစ်ကိုလေး Jungkook ဒေါသကကြောက်ဖို့ကောင်းသည်...နက်စွေးနေတဲ့ ဆိုင်ကယ်တစ်စီးလုံးကို အေးအေးဆေးဆေးဓာတ်ဆီလောင်းနေတဲ့ အစ်ကိုလေး Jungkook က နောက်ဖြစ်မယ့် ပြဿနာကို စိတ်ဝင်စားဟန်မတူပေ....

Jungkook မီးခြစ်ဆံတစ်ခုကို မီးခြစ်ပြီး ထိုကောင်းကျိုးမပေးတဲ့ သောက်ဆိုင်ကယ်ပေါ် ပစ်ချလိုက်တော့သည်....လှည့်ထွက်လာတဲ့ Jungkook မျက်နှာက လုံးဝနောင်တရပုံမရ....

ဝုန်းဆိုတဲ့အသံကြီးနဲ့အတူ Taehyung မျက်လုံးတို့ပွင့်လာခဲ့သည်....သူ့အိမ်မက်ထဲမှာ တစ်စုံတစ်ခုက ပေါက်ကွဲသွားလို့ လန့်နိုးလာရခြင်းဖြစ်သည်....ဗိုက်နားကစူးအောင့်နာကျင်မှုကြောင့် မျက်နှာလေးရှုံ့မဲ့သွားတော့....

"မင်းသတိရလာပြီပဲ...."

"ငါ ဘယ်ရောက်နေတာလဲ...."

"ဆေးရုံ...."

"What the...ဆေးရုံဟုတ်လား..."

"အင်း မင်းသတိမေ့နေတာ တစ်ပတ်ရှိပြီ...."

"ဘာတစ်ပတ်....."

Jungkook ကအနားကခုံမှာလာထိုင်ရင်း Taehyung မျက်နှာလေးကိုကြည့်ကာ.....

"ဆိုင်ကယ်ပြိုင်ပွဲမှာ ဆိုင်ကယ်မှောက်တဲ့အရသာက ဘယ်လိုနေလဲ..."

"ဘာ...Jeon Jungkook မင်းငါ့ကို လာရွဲ့နေတာလား...."

"သူဌေး Kim...မင်းကိုစိတ်ပူပြီးငိုတယ်...."

💜 Next to You 💜Where stories live. Discover now