"ဒေါက်တာတွေထွက်လာပြီ..."
သူဌေး Kim အသံကြောင့် နှစ်ဦးသား ပြိုင်တူထရပ်ကာ ဒေါက်တာတွေနားသွားမိသည်...
"ဒေါက်တာ သားအခြေအနေ...."
"လူနာက အကာအကွယ်တွေဝတ်ထားတာမလို့ ခေါင်းတွေ ခြေလက်တွေက မထိခိုက်ပေမယ့် ပြင်းထန်တဲ့အရှိန်နဲ့ပြုတ်ကျတာကြောင့် အတွင်းပိုင်း နံရိုး ၂ ချောင်းကျိုးသွားတာပါ...ခွဲစိတ်မှုကအောင်မြင်ပေမယ့် လူနာက ဆေးလိပ်အရမ်းသောက်တယ်ထင်တယ်...အဆုတ်ကသိပ်မကောင်းချင်ဘူးရယ်...သူ့ကိုဆေးလိပ်ဖြတ်ခိုင်းလိုက်ပါ....ခနနေ အခန်းပြောင်းပြီးရင် လူနာကိုသွားကြည့်လို့ရပါပြီ..."
"ဟုတ်ကဲ့ ကျေးဇူးပါ ဒေါက်တာ...."
"သူဌေး Kim အရမ်းလည်းမစိုးရိမ်ပါနဲ့ဗျာ...သားကကောင်းသွားမှာပါ..."
"ဟုတ်ကဲ့ပါ ဒေါက်တာ..."
Taehyung ကိုထားထားတဲ့ အထူးသီးသန့်ခန်းထဲဝင်လာတော့ ဆေးအရှိန်ကြောင့် အိပ်မောကျနေတဲ့ Taehyung...ဆေးပိုက်တွေသွယ်တန်းထားတဲ့ကြားကမျက်နှာချောချောလေးမှာ ပွန်းပဲ့ရာတွေကမြင်မကောင်း သူဌေး Kim ကသူ့သားလက်လေးကိုဆွဲယူကိုင်နေရင်း မျက်ရည်ဝဲနေတော့သည်....
Jungkook Taehyung ရဲ့ဒီလိုပုံစံကိုမကြည့်ရက်ပေ...ရင်ထဲမှာဗလောင်ဆူနေသည်...Taehyung ဒီလိုဖြစ်ရတာ အဲ့ဒီဆိုင်ကယ်ကြောင့်....ပြီးတော့ Taehyung သက်တော်စောင့်တွေ အသုံးမကျလို့.... လူတစ်ယောက်ကိုတောင် ကောင်းကောင်းမစောင့်ရှောက်နိုင်တဲ့ကောင်တွေ...
"သားမက် Jeon..."
Jungkook ဒေါသတွေနဲ့အတူ ခက်ထန်နေတဲ့မျက်နှာနဲ့ အခန်းထဲကထွက်လာတော့ နောက်ကလှမ်းခေါ်တဲ့ သူဌေး Kim...
"ကျွန်တော်ပြန်လာခဲ့မှာပါ..."
.............
"တောက်....မင်းတို့ သောက်သုံးမကျလို့ Taehyung အခုလိုဖြစ်ရတာကွ...နားလည်လား.."
Jungkook ရှေ့မှာ ဖူးယောင်နေတဲ့မျက်နှာတွေနဲ့ ခေါင်းငုံ့ရပ်နေကြတဲ့ သက်တော်စောင့်တစ်သိုက်...ဒေါသတွေထွက်ကာ မေးကြောတွေထောင်ထနေတဲ့ တင်းမာခက်ထန်တဲ့ အစ်ကိုလေး Jungkook မျက်နှာကို ဘယ်သူမှမမော့ကြည့်ရဲကျ....
BINABASA MO ANG
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-11
Magsimula sa umpisa
