Taehyung သိချင်သည်...Hyg သူ့ကိုတကယ်ညီလေးလိုပဲချစ်တာလား ဒါမှမဟုတ် အဲ့ထက်ပိုသလားဆိုတာကို....Taehyung မင်္ဂလာပွဲတုန်းက မျက်လုံးတွေနီရဲတဲ့အထိ ငိုခဲ့တဲ့ Hyg ဟာ သူ့ကိုချစ်နေတယ် ယုံကြည်နေမိသည်....

Taehyung အတွေးတို့ကို အဆုံးသတ်ကာ ပြိုင်ပွဲချိန်နီးလာတာကြောင့် အိမ်ကနေထွက်လာခဲ့သည်...နောက်ကနေ တောက်လျှောက်ပါလာတဲ့အစောင့်တွေကို ကြည့်ရင်း ပြုံးလိုက်မိသည်...ဘယ်တုန်းကများ Taehyung နောက်မိအောင်လိုက်နိုင်တာကျလို့....

ညနေ ၅ နာရီ...Taehyung ပြိုင်ပွဲလုပ်တဲ့နေရာရောက်တော့ သူ့ကိုစောင့်နေတဲ့သူတွေကိုတွေ့ရသည်....Taehyung ရောက်တာနဲ့ပြင်ဆင်စရာရှိတာပြင်ဆင်သည်.......ညနေကတည်းက ထွက်လာတဲ့ Taehyung ကို ပါပါးလူတွေမျက်ခြေပြတ်ပြီး ရှာနေကြမှာမြင်ယောင်ရင်း ရယ်မိသည်...

"Yo....Taehyung ဒီနှစ်လည်း ပထမရအောင်ယူမှာပဲလား....."

Taehyung နဲ့နှစ်တိုင်းယှဉ်ပြိုင်တဲ့ထဲက စီနီယာကျတဲ့ Hyg ကနှုတ်ဆက်လာတော့ Taehyung ပြုံးပြလိုက်ရင်း...

"Hyg ကိုဒီနှစ်အလှည့်ပေးမလားလို့ စဉ်းစားနေတာ..."

Taehyung စကားကြောင့်  Hyg ကစိတ်လွတ်ကိုယ်လွတ်ရယ်မောနေသည်....

"ပထမရအောင်လုပ်ပါ ကောင်လေးရ....မင်းကတော်ပြီးသား..."

"ဟုတ်ကဲ့ Hyg..."

"Fighting Taehyung...."

Hyg က လက်သီးဆုပ်ကာ Taehyung ကိုကမ်းလာတော့ Taehyung လည်းလက်သီးဆုပ်ပြီး Hyg လက်ကိုတိုက်လိုက်ကာ....

"Fighting..."

ပြိုင်ပွဲစတော့ စုစုပေါင်းပါဝင်ယှဉ်ပြိုင်တာ ၁၀ ယောက်...Taehyung ဆိုင်ကယ်က အရှေ့ကနေပြေးနေကာ လမ်းတစ်လျှောက်ရှင်းလင်းနေလေသည်...လျှပ်စီးလိုနှုန်းနဲ့ အရှိန်ပြင်းပြင်းမောင်းနှင်နေတဲ့ Taehyung နောက်ကို လိုက်လာတဲ့ ဆိုင်ကယ်တစ်စီး...Taehyung လှည့်ကြည့်မိတော့ ပြိုင်ပွဲဝင်တဲ့သူတွေထဲက မဟုတ်တာမှန်းသိသည်...

...ဒီလူကဘာလည်း ပွဲစကတည်းကပါလာတာလား...

ပြိုင်ပွဲဝင်လူတွေအကုန်ဆောင်းရတဲ့ ဦးထုတ်တွေမှာက no ပါသည်...ဒီလူ့ဦးထုတ်မှာမပါ...Taehyung အတွေးလွန်နေတုန်း ဆိုင်ကယ်က တစ်ချက်ယိုင်သွားသည်...

💜 Next to You 💜Where stories live. Discover now