Jungkook စကားကြောင့် Taehyung မျက်မှောင်လေးကျုံ့သွားရင်း....
"မင်း ဘာမှမသိပါဘူး...."
Jungkook က ထရပ်ကာ
" သူဌေး Kim ကိုငါ ph ဆက်လိုက်ဦးမယ်...သူအရမ်းစိတ်ပူနေခဲ့တာ...မင်းကိုနေ့တိုင်းလာကြည့်တယ်...ဒီနေ့လည်း ခုနကမှပြန်သွားခဲ့တာ...."
Taehyung ဘာမှမပြောတော့ Jungkook ကအခန်းပြင်ထွက်သွားသည်...ဒေါက်တာရောက်လာတော့ Taehyung ကိုပြုံးပြရင်း.....
"သက်သာလား Taehyung..."
"ဟုတ်ကဲ့ သက်သာပါတယ် ဒေါက်တာ..."
"မင်းကကံကောင်းပါတယ်...သူကမင်းကိုသိပ်ချစ်ပုံရတယ်..."
"ဗျာ....."
ဒေါက်တာက အပြင်ဘက်မှာ Ph ပြောနေတဲ့ Jungkook ကိုတစ်ချက်လှည့်ကြည့်ကာ...
"မင်း အမျိုးသားလေ....မင်းသတိမေ့နေတဲ့ တစ်ပတ်လုံး သူမင်းအနားမှာအချိန်ပြည့်ရှိနေတာ... အလုပ်တောင်မသွားဘူးထင်တယ် ညဆို ဒီ ဆိုဖာခုံမှာ laptop တစ်လုံးနဲ့ထိုင်နေတာတွေ့တယ်...မင်းကိုစောင့်ကြည့်ရင်းပေါ့..."
"အာ...ဟုတ်ကဲ့...."
ဒေါက်တာပြန်ထွက်သွားတော့မှ Taehyung အခန်းအပြင်အဆင်ကိုလိုက်ကြည့်နေမိသည်....လူနာခန်းနဲ့မတူအောင် ပြင်ဆင်ပေးထားပြီး ဧည့်ခန်းရယ် TV ရယ်ထည့်ထားသည်...ပြတင်းကလိုက်ကာတွေကအစ ခရမ်းနုရောင်လွင်လွင်လေးသုံးကာ တပ်ဆင်ထားသည်.... အခန်းတစ်ခုလုံးလည်း စတော်ဘယ်ရီနံ့သင်းသင်းလေးရနေလေသည်...အဲ့တာကြောင့် Taehyung သတိရရခြင်းဆေးရုံမှာလို့မထင်မိတာဖြစ်သည်....
Jungkook ပြန်ဝင်လာတော့ Taehyung သူ့ကိုကြည့်မိသည်...မျက်နှာအနည်းငယ်ချောင်ကျသွားတာကလွဲလို့ Jungkook ကချောမောနေဆဲပင်.. တီရှပ်ခဲရောင်ပွပွနဲ့ ဘောင်းဘီရှည်ပွပွကိုဝတ်ထားတဲ့ Jungkook က ဒေါက်တာပြောသလို အလုပ်တောင်သွားပုံမရ....Taehyung ရင်ထဲမသိမသာလေးကျေနပ်သွားသည်...
"မင်းဗိုက်ဆာနေလား....ခနလေး မင်းကို စွပ်ပြုတ်ထည့်ပေးမယ်...."
Jungkook သူ့ကို ဘာမှမပြောဘဲ မျက်တောင်မခတ်မျက်လုံးဝိုင်းတွေနဲ့လိုက်ကြည့်နေတဲ့ Taehyung ကြောင့် နည်းနည်းနေရခက်မိသွားသည်....Jungkook အမြန်ထရပ်ကာ စားပွဲပေါ်က ငါးဆင့်ချိုင့်ထဲက Taehyung အတွက်လုပ်ပေးထားတဲ့ စွပ်ပြုတ်ကိုထည့်နေမိသည်....
Taehyung ရဲနေတဲ့ Jungkook မျက်နှာကြောင့် နှုတ်ခမ်းထောင့်စွန်းလေးတွေကွေးတက်သွားတဲ့အထိ ပြုံးလိုက်ရင်း...
"Jungkook...မင်း ငါ့ကိုစိတ်ပူနေခဲ့တာလား...."
"ဝေးသေး...ငါကလား..."
Taehyung ကိုလှည့်မကြည့်ဘဲ ပြန်ဖြေတဲ့ Jungkook....Jungkook အဖြေကြောင့် Taehyung သဘောကျစွာရယ်မိသည်....
"ဘာရယ်တာလဲ မင်းက...."
Taehyung နားစွပ်ပြုတ်ပန်းကန်လေးကိုင်ကာ ရောက်လာတဲ့ Jungkook ကမေးလာသည်...Taehyung က မျက်ခုံးလေးပင့်ပြကာ စားပွဲပေါ်က Coffee ထုပ်တွေကို မျက်စပစ်ပြသည်...
Jungkook မျက်နှာက ထိတ်ခနဲ စိုးရိမ်မှုတွေဖြတ်ပြေးသွားတာကို Taehyung သေချာကြည့်နေရင်း....
"စိတ်မပူတဲ့သူက Coffee တွေသောက်ပြီး မအိပ်ဖို့ကြိုးစားခဲ့တာလား....."
Jungkook ဘာပြောရမှန်းမသိတော့ဘဲ စွပ်ပြုတ်ပန်းကန်ကို Taehyung ဘေးနားက စားပွဲပေါ်ချကာ ....
"မင်းဘာသာမင်းပဲ...."
"မဟုတ်ဘူး....မင်းခွံ့ပေး...."
Taehyung စကားကြောင့် အကြည့်ချင်းဆုံသွားတဲ့ မျက်ဝန်းနှစ်စုံ....နှစ်ယောက်လုံးရဲ့ ရင်ထဲကသံစဉ်တွေလည်း စည်းချက်ညီနေကြရင်းပေါ့.....
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-11
Start from the beginning
