"ဓာတ်ဆီနဲ့မီးခြစ်ယူခဲ့...."
"အစ်...အစ်ကိုလေး Jungkook...."
အစောင့်တွေမျက်နှာက အထိတ်ထိတ်အလန့်လန့်ဖြစ်ကုန်သည်...အစ်ကိုလေး Taehyung က သူ့ဆိုင်ကယ်ကို သိပ်တန်ဖိုးထားတာ ဆေးရင်တောင် သူကိုယ်တိုင်သေချာဆေးတာ ဘယ်သူ့ကိုမှမထိစေပေ...ဒါကို အစ်ကိုလေး Jungkook က ဖျက်ဆီးတော့မယ်တဲ့လား....
"ဘာလုပ်နေတာလဲ...ဘာတွေကြောင်ကြည့်နေတာလဲ...ငါပြောတာမကြားဘူးလား....အခုချက်ချင်းသွားယူ..."
ဘာမှအတွန့်မတက်ရဲကြတော့ ခိုင်းတဲ့အတိုင်းသာ လုပ်ပေးရုံရှိသည်...အစ်ကိုလေး Jungkook ဒေါသကကြောက်ဖို့ကောင်းသည်...နက်စွေးနေတဲ့ ဆိုင်ကယ်တစ်စီးလုံးကို အေးအေးဆေးဆေးဓာတ်ဆီလောင်းနေတဲ့ အစ်ကိုလေး Jungkook က နောက်ဖြစ်မယ့် ပြဿနာကို စိတ်ဝင်စားဟန်မတူပေ....
Jungkook မီးခြစ်ဆံတစ်ခုကို မီးခြစ်ပြီး ထိုကောင်းကျိုးမပေးတဲ့ သောက်ဆိုင်ကယ်ပေါ် ပစ်ချလိုက်တော့သည်....လှည့်ထွက်လာတဲ့ Jungkook မျက်နှာက လုံးဝနောင်တရပုံမရ....
ဝုန်းဆိုတဲ့အသံကြီးနဲ့အတူ Taehyung မျက်လုံးတို့ပွင့်လာခဲ့သည်....သူ့အိမ်မက်ထဲမှာ တစ်စုံတစ်ခုက ပေါက်ကွဲသွားလို့ လန့်နိုးလာရခြင်းဖြစ်သည်....ဗိုက်နားကစူးအောင့်နာကျင်မှုကြောင့် မျက်နှာလေးရှုံ့မဲ့သွားတော့....
"မင်းသတိရလာပြီပဲ...."
"ငါ ဘယ်ရောက်နေတာလဲ...."
"ဆေးရုံ...."
"What the...ဆေးရုံဟုတ်လား..."
"အင်း မင်းသတိမေ့နေတာ တစ်ပတ်ရှိပြီ...."
"ဘာတစ်ပတ်....."
Jungkook ကအနားကခုံမှာလာထိုင်ရင်း Taehyung မျက်နှာလေးကိုကြည့်ကာ.....
"ဆိုင်ကယ်ပြိုင်ပွဲမှာ ဆိုင်ကယ်မှောက်တဲ့အရသာက ဘယ်လိုနေလဲ..."
"ဘာ...Jeon Jungkook မင်းငါ့ကို လာရွဲ့နေတာလား...."
"သူဌေး Kim...မင်းကိုစိတ်ပူပြီးငိုတယ်...."
...ဟင် ပါပါးက ငိုတယ်...
"ဆိုင်ကယ်မစီးခိုင်းလို့ သူဌေး Kim ကို မခေါ်တာဆိုရင် မင်းမှားသွားပြီ...သူကမင်းကိုဆုံးရှုံးရမှာကြောက်နေခဲ့တာ...မင်းကနားလည်ပေးလိုက်ပါ..."
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-11
Start from the beginning
