အရှေ့မှာ ကွေ့ဖို့ Taehyung အာရုံစိုက်လိုက်တော့ မျက်လုံးပေါ်ကျလာတဲ့ မီးရောင်စူးစူး...Taehyung မျက်လုံးတွေပြာတက်သွားကာ ဟန်ချက်ပျက်သွားတဲ့ဆိုင်ကယ်နဲ့အတူ...

....ဝုန်းးး....

လူကလွင့်စင်ထွက်သွားရင်း မြေပြင်ပေါ်အရှိန်နဲ့ကျသည်...သွေးတွေပွက်ခနဲအန်ထွက်လာကာ တစ်ကိုယ်လုံးလှုပ်မရတော့...ဝေဝါးနေတဲ့အသိစိတ်က သူ့ကိုရပ်ကြည့်နေတဲ့ ထိုလူ့ကိုသေချာကြည့်နေမိပေမယ့်လည်း မှောင်အတိကျသွားခြင်းနဲ့အတူ...အရာအားလုံးတိတ်ဆိတ်သွားသည်...

.................

Jungkook ဆေးရုံကိုအမြန်ပြေးလာခဲ့ရသည်....Taehyung ဆိုင်ကယ်မှောက်လို့တဲ့....ph  လက်ခံရရချင်း လူကပြာဝေသွားကာ Company ကနေဘယ်လိုထွက်လာခဲ့မှန်းတောင်မသိတော့...

အရေးပေါ်ခန်းရှေ့ရောက်တော့ စောင့်နေတဲ့ Taehyung ပါပါး.... သူဌေး Kim မျက်နှာကဖြူဖျော့နေသည်....Jungkook အနားရောက်သွားတော့....

"သားမက် Jeon...သားက ဘယ်လိုဖြစ်လို့ ဆိုင်ကယ်စီး ဝင်ပြိုင်ရတာလဲ...မင်းမတားဘူးလား....."

Jungkook တားရအောင် သူသိတောင်မသိ...မိဘတွေအမြင်မှာတော့ သူတို့ကအဆင်ပြေပြီး သာယာတဲ့အိမ်ထောင်ရေးလို့ထင်ကောင်းထင်နေနိုင်ပေမယ့် သူတို့အကြောင်းသူတို့သာသိသည်...

"ကျွန်တော် မသိလိုက်လို့ပါ သူဌေး Kim..."

သူဌေး Kim က သူ့ကိုခေတ္တမျှကြည့်နေပြီး ....

"သားကို သူ့အမေလိုဖြစ်မှာ သိပ်ကြောက်နေမိတယ်....အန်ကယ့်သား အသက်ရှင်မှာပါနော်...ဟုတ်တယ်မလား သားမက် Jeon..."

"Taehyung ဘာမှဖြစ်မှာမဟုတ်ပါဘူး....Taehyung က ကြံ့ခိုင်ပါတယ်..."

Jungkook ကိုယ်တိုင်ပြောနေပေမယ့် ရင်ထဲမှာတုန်လှုပ်နေမိသည်....နာရီပေါင်းများစွာအရေးပေါ်ခန်းရှေ့စောင့်နေမိရင်း Taehyung အကြောင်းတွေကို သူဌေး Kim ကပြောပြသည်...Taehyung က သန်မာချင်ယောင်ဆောင်နေတဲ့ ကလေးတဲ့...အထီးကျန်ဝမ်းနည်းမှုတွေကို ဆိုးသွမ်းမှုတွေနဲ့ ဖုံးကွယ်ထားတာတဲ့လေ....

"ဒေါက်တာတွေထွက်လာပြီ..."

သူဌေး Kim အသံကြောင့် နှစ်ဦးသား ပြိုင်တူထရပ်ကာ ဒေါက်တာတွေနားသွားမိသည်...

💜 Next to You 💜Where stories live. Discover now