"မင်းနှာခေါင်း‌ကြောင့်လေ...ယောင်္ကျားလေးဖြစ်ပြီး ဆေးလိပ်နဲ့မခံနိုင်တဲ့ သောက်ကြီးသောက်ကျယ် နှာခေါင်း‌ကြောင့်...."

‌ပြောရင်းနဲ့ ဒေါသထွက်နေသလို နှာခေါင်းလုံးလုံးလေးကရှူံ့ သေးသည်... Jungkook သူမမြင်အောင်ကျိတ်ရယ်ရင်း ဘေးနားသွားလှဲလိုက်သည်... Taehyung က Jungkook အိပ်ရာ‌ပေါ်ရောက်လာတော့ အစွန်ဘက်တိုးသွားကာ ကျောပေးအိပ်သည်...

"မင်းရေမချိုးတာ‌ကြောင့် အနံ့နံနေလို့ ရေမွှေးနံ့နဲ့ ဖုံးထားတာမလား..."

Jungkook စကား‌ကြောင့် Taehyung က ဒီဘက်လှည့်လာကာ...

"နံမနံ နမ်းကြည့်မလား...."

Jungkook ကို ရွဲ့ကာ မျက်ခုံးလေးပင့်ပြီး ‌ပြောလာသည်... Jungkook အရမ်းဝေးနေတဲ့ သူ့ကိုယ်လေးကို လက်တစ်ဖက်နဲ့ဆွဲလိုက်တော့ ဘေးနားရောက်လာကာ တည်တင်းမာန်ချီနေတဲ့ မျက်နှာလေးက တစ်ထွာလောက်သာ ခြားတော့သည်...

တစ်ယောက်နဲ့တစ်ယောက် ဘာစကားမှမ‌ပြောမိဘဲ ရုတ်တရက်ကြီး နီးကပ်သွားတဲ့အ‌ခြေအနေမှာ စိုက်ကြည့်နေမိကြရင်း Jungkook က...

"နမ်းကြည့်ဆို...ငါ တကယ်နမ်းတော့မှာ မင်းကို..."

"F...k ....Jungkook..."

Junkook ကို ဆဲသွားပြီး တစ်ဖက်ပြန်လှည့်သွားသည်....နောက်ကနေမြင်နေရတဲ့ ခေါင်းက ကြက်တောင်စည်းအသေးလေးကို သူမသိအောင် ခပ်ဖွဖွလှမ်းကိုင်ရင်း Jungkook ပြုံးနေမိသည်...

အခန်းထဲသင်းပျံ့နေတဲ့ ဆေးလိပ်နံ့နဲ့စတော်ဘယ်ရီနံ့သင်းသင်းတို့ကိုနှစ်သက်စွာရှူရှိုက်‌နေမိတာကိုတော့ Jungkook သတိမပြုမိခဲ့ပါ.....






အခန်းထဲသင်းပျံ့နေတဲ့ ဆေးလိပ်နံ့နဲ့စတော်ဘယ်ရီနံ့သင်းသင်းတို့ကိုနှစ်သက်စွာရှူရှိုက်‌နေမိတာကိုတော့ Jungkook သတိမပြုမိခဲ့ပါ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အမွန်တို့ရဲ့ခပ်ဆိုးဆိုးအရိုင်းတုံးလေး 😍🍓








💜 Next to You 💜Where stories live. Discover now