................
Jungkook Min ဆိုင်ကနေ ပြန်လာတော့ အိပ်ရာပေါ်ခပ်လျောလျောမှီကာ ဆေးလိပ်သောက်နေတဲ့ Taehyung....
ဆံပင်လေးအနည်းငယ်ရှည်တာကို အနောက်မှာကြက်တောင်တစ်ဝက်စည်းထားကာ All Black ဝတ်ထားတဲ့ Taehyung က အပြင်ထွက်တုန်းက Style ပင်ဖြစ်မည်...
Jungkook ဝင်လာတာကိုတွေ့တော့ မျက်လုံးဝိုင်းတွေက ခနပဲစောင်းကြည့်ကာ ဆေးလိပ်ကိုမာန်ပါပါဖွာရှိုက်နေသည်....
"အဟွတ်...ဟွတ်..."
Jungkook အဝတ်အစားတွေချွတ်ကာ ရေချိုးဖို့ Bathrobe တစ်ထည်ကောက်ဝတ်နေတုန်း ချောင်းဆိုးလာတဲ့ Taehyung....
"နေမကောင်းတာကို ဆေးလိပ်ကဘာလို့သောက်နေတာလဲ...."
Taehyung က Jungkook ကိုခပ်တည်တည်လှမ်းကြည့်ရင်း....
"ငါ နေကောင်းနေပြီ..."
"ကျစ်....နောက်တစ်ခါ အခန်းထဲမှာ မသောက်နဲ့..."
"အခန်းက ဒီလောက်အကျယ်ကြီးပဲကို မင်းအနံ့ရလို့လား...ငါကတော့ အခန်းပြင်ထွက်မသောက်နိုင်ဘူး..."
Jungkook ပြောမရဆိုမရကို ဘာမှဆက်ပြောချင်စိတ်မရှိတော့...ရေချိုးခန်းထဲဝင်လာကာ ရေပန်းဖွင့်ချလိုက်ပြီး ရေပန်းအောက်ရပ်နေမိသည်...
...သူ့အတွက်ပြောမှန်းမသိ ကိုယ့်အတွက်ပြောမှန်းမသိတဲ့ကောင်...
Jungkook ထွက်လာတော့ တစ်ခန်းလုံး Taehyung ဆီက ရတဲ့စတော်ဘယ်ရီကိုယ်သင်းရနံ့က သင်းပျံ့နေလေသည်...မွှေးလွန်းတော့ အီလာသလိုတောင်ခံစားရသည်...
"မင်း ဘာတွေလုပ်ထားတာလဲ..."
Taehyung က လက်ထဲက ပုလင်းနီနီရဲရဲလေးကိုမြှောက်ပြတော့ Jungkook ခနတာမှင်သက်သွားသည်...ဒါဘူဆန်မှာတုန်းက စတော်ဘယ်ရ်ီစိုက်ခင်းတာဝန်ခံကနေ Taehyung လက်ထဲထည့်ပေးတဲ့ ပုလင်းနှစ်ခုထဲကတစ်ခု....
"ရေမွှေးလေ...ငါတစ်ဦးတည်း သီးသန့်သုံးဖို့ ငါ့ခြံကထွက်တဲ့စတော်ဘယ်ရီတွေနဲ့ ထုတ်ထားတဲ့ Limited edition ရေမွှေး..."
Jungkook စိတ်ထဲ တကယ်ကြီးကျယ်တဲ့ကောင်လို့တွေးလိုက်မိရင်း...
"အော်...ဒါနဲ့ဘာလို့ လျှေုာက်ဖြန်းထားတာလဲ..."
Taehyung က မကျေမနပ်ကြည့်လာသည်...ထိုပုလင်းနီနီလေးကို သူ့ဘေးနားကစားပွဲပေါ်ဆောင့်ချလိုက်ရင်း....
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-10
Start from the beginning
