Jungkook Jimin ကိုယ်လေးကို ကားထဲခေါ်သွင်းလိုက်ပြီး...
"Min ဘယ်လိုဖြစ်လို့..."
"Kook ကိုစိတ်ပူလို့လေ...Kook ကိုဆက်သွယ်တာ မရလို့...ph ဆက်တော့လည်း ပိတ်ထားတာ အရင်ရက်တွေက Min ကိုရှောင်နေတာလားဟင်..."
Jimin ပြောစကားကြောင့် Jungkook ခေါင်းရမ်းလိုက်ကာ ...
"မဟုတ်ဘူး ကိုယ် ဘူဆန်ဘက်ရောက်နေလို့ ...မုန်တိုင်းကြောင့် ph လိုင်းတွေမမိလို့ပါ....Min ကိုမရှောင်ပါဘူး...."
Jimin က Jungkook ကိုယ်လုံးကြီးကို လက်သေးသေးတွေနဲ့ဆွဲဖက်ရင်း...
"လွမ်းနေတာ...."
Jungkook Min ကိုယ်လေးကိုပြန်ဖက်ထားရင်း...
"ကိုယ်ရောပဲ...Min မေမေရော နေကောင်းတယ်မလား..."
"မေမေက သက်သာလာပါပြီ...Kook ကျေးဇူးတွေကြောင့်ပါ...နောက်လခွဲစိတ်မှုလုပ်မှာလေ..."
Jungkook Jimin ခေါင်းလေးကိုခပ်ဖွဖွ ပွတ်သပ်ပေးနေရင်း....
"တအားကြီး စိတ်ပူနေတယ်မလား...ခွဲစိတ်မှုကအဆင်ပြေသွားမှာပါ..."
Jimin Kook ကိုစိုက်ကြည့်နေမိသည်...Kook က Jimin ဘဝထဲရောက်လာကတည်းက Jimin ကိုစောင့်ရှောက်ပေးသလို ဦးနှောက်ထဲအကျိတ်တည်နေတဲ့ မေမေ့ကိုပါ အကောင်းဆုံး ဆေးရုံတက်စေပြီး ကုန်ကျစရိတ်အားလုံးတာဝန်ယူပေးခဲ့တာ...
အခုလို လာတွေ့တာ Kook အမျိုးသားပေါ်မတရားပေမယ့် တကယ်တမ်း လမ်းခွဲပြီး Kook အနားကပျောက်ကွယ်ပေးဖို့ သတ္တိမရှိခဲ့ပေ...Kook ကိုမပိုင်ဆိုင်ရပေမယ့် Kook ချစ်သူအနေနဲ့ နှလုံးသားရော အချစ်ကိုရော ပိုင်ဆိုင်ချင်ပါသေးသည်...ဒါဟာ သူ့အမှားလို့မခံစားရ...Kook ဖေဖေကြောင့်သာ Kook လက်တွဲဖော်က သူမဖြစ်ခဲ့တာ...
အကယ်၍ Kook ဘက်က သူ့ကိုမချစ်တော့ဘူးဆိုမှ Kook ကိုပြတ်သားပေးနိုင်မည်...Kook ချစ်နေသေးသ၍ သူဟာ Kook ချစ်သူပဲလေ....
"Kook....ဒီနေ့ Min ဆိုင်ကိုလိုက်ခဲ့နော်...Kook တစ်ခါမှမရောက်ဖူးသေးဘူး.."
"ဟုတ်ပါပြီ...ကိုယ်လည်း Min လက်ရာ နွားနို့နဲ့ ငှက်ပျောကိတ်ကို လွမ်းနေတာ..."
Jungkook စကားကြောင့် ပြုံးသွားတဲ့ Min ကိုကြည့်ကာ သူပါလိုက်ပြုံးမိသည်....Min ကိုသူ့ကြောင့်ထပ်ပြီး စိတ်မညစ်စေချင်ပါ...Min ပျော်အောင်ထားပေးချင်သည်...ဒါဟာ Min မဟုတ်တဲ့ အခြားသူကိုလက်ထပ်လိုက်ရလို့ Min ပေါ်အားနာခြင်းလို့ ခေါင်းစဉ်တပ်ရမည်ဖြစ်သည်....
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-10
Start from the beginning
