မူးယစ်ဂိုဏ်းကြီးတစ်ခုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ Tiger ဆိုတဲ့လူကြီးက စားပွဲပေါ်က ဓာတ်ပုံကို ကောက်ယူရင်း ပြုံးကြည့်နေသည်....သူ့ကို ခနခနကွက်ကျော်ရိုက်သွားတဲ့ ပြိုင်ဘက် Kim Taehoon ကိုသူမကျေနပ်နေတာကြာပြီ...

kim Taehoon ဆိုတဲ့ ဂိုဏ်းရာဇာကို အစွယ်ကျိုးအောင်ဆုံးမဖို့ချောင်းနေတာကြာလှပြီဖြစ်သည်...မိသားစုဘဝကို လုံးဝဖုံးကွယ်ထားတဲ့ Mafia ဂိုဏ်းခေါင်းဆောင်ကြီးဟာ ဟိုတစ်လောကမှ ဝန်ကြီးချုပ် Jeon Woosung သားနဲ့လက်ထပ်တာ သူ့သားပါလို့ ချပြလိုက်တာမလား....

Tiger က Taehyung ဓာတ်ပုံပေါ်လက်ညှိုးနဲ့ထောက်ကာ တစ်တောက်တောက်ခေါက်နေရင်း....

"Kim Taehoon ကိုမှတ်လောက်အောင်ပညာပေးရမှာပေါ့...သူ့ရဲ့အဖိုးတန်သားလေးတော့သနားစရာပဲ..."

Tiger ကကောက်ကျစ်စွာပြုံးလိုက်ပြီး ရှေ့မှာရပ်နေတဲ့ တပည့်တွေကိုဝေ့ကြည့်လိုက်ကာ....

"Kim Taehyung ဆိုတဲ့ ကောင်လေးနဲ့ကစားကြည့်ကြမလား...ပျော်ဖို့တော့ကောင်းမှာပါ...ရုပ်လေးကလည်းမှုံနေအောင်ချောတာပဲ...အဲ့လိုမျိုးပုံစံလေးတွေက ပိုဆွဲဆောင်မှုရှိတယ်လေ..."

ဝီစကီခွက်ကို ကိုင်‌မြှောက်ကာ အရသာခံသောက်နေတဲ့ Tiger...ထို့နောက် ဆိုဖာခုံရှည်ကြီးပေါ် ‌ခြေချိတ်ထိုင်လိုက်ရင်း Taehyung ဓာတ်ပုံလေးကို မမှိတ်မသုန်စိုက်ကြည့်နေလျှက်....

....Kim Taehoon.....Kim Taehoon...ခင်ဗျားကြီး ဒီတစ်ခါ ခံရတော့မှာပါ....

.............

"Kook....."

Jungkook အိမ်ပြန်ဖို့ Company ထဲကထွက်လာတော့ ကားပါကင်မှာ သူ့ကိုခေါ်ရင်း ‌ပြေးလာတဲ့ Min....

"Min..."

Jungkook ဘေးဘီကိုကြည့်တော့ ဘယ်သူမှမရှိ...ဒီနေ့ သူနဲ့ထပ်ကြပ်မကွာလိုက်နေတဲ့ ဝန်ကြီးချုပ်လူတွေကို Taehyung နောက်ကို သူ တိတ်တဆိတ် လိုက်ခိုင်းထားသည်...

အိမ်မှာကျန်ခဲ့တဲ့လူတွေကို Taehyung သေချာပေါက် ‌ခြေရာဖျောက်ပြီး ထားခဲ့မှာသိတာ‌ကြောင့် နေ့လည်က ph ပြောပြီးကတည်းကရင်း သူ့လူတွေကို ပြန်လွှတ်လိုက်ပြီး နောက်ယောင်ခံလိုက်ခိုင်းလိုက်တာပဲဖြစ်သည်...

💜 Next to You 💜Où les histoires vivent. Découvrez maintenant