"အစ်ကိုလေး Taehyung...."

"‌ပြော..."

"ထမင်းစားခန်းကို လိုက်ခဲ့ပေးပါ...."

Taehyung မျက်မှောင်ကျုံ့လိုက်ရင်း....

"ဘာလုပ်ဖို့လဲ..."

"အစ်ကိုလေး Jungkook က မှာသွားပါတယ် အစ်ကိုလေး Taehyung ကို အားရှိမယ့်အစားအစာတွေကျွေးဖို့ ....."

"ငါစားချင်မှ စားမှာပေါ့ သူမှာခဲ့တိုင်း စားစရာလား..."

Taehyung စကား‌ကြောင့် အစောင့်တွေမျက်နှာ ညှို့မှိုင်းသွားရသည်....တစ်ယောက်ကတစ်မျိုး တစ်ယောက်ကတစ်မျိုးနဲ့ ဒေါသတွေလည်းကြီးကြသေးသည်...

Taehyung အပြင်ထွက်ရန် ဆိုင်ကယ်ထုတ်ခိုင်းလိုက်တော့....

"ဒီနေ့ ဆိုင်ကယ်မစီးစေပါနဲ့တဲ့..."

"မင်းအဖေကလား..."

"ဗျာ.."

Taehyung စိတ်ပေါက်ပေါက်နဲ့မေးလိုက်သည်...လူကမှနေမကောင်းပါဘူးဆို စိတ်ရှုတ်အောင်လုပ်နေကြတာ လာပြီးတော့...

"ဘယ်သူကပြောတာလဲ..."

"ဟို...အစ်ကိုလေး Jungkook ကပါ..."

"ကျစ်..."

Taehyung ph ထုတ်ကာ Jungkook ကိုခေါ်လိုက်သည်...

Jungkook ရှယ်ယာရှင်‌တွေနဲ့ အရေးကြီးအစည်းဝေးထိုင်နေတုန်း အကျယ်ကြီးမြည်လာတဲ့ ph သံ...
Jungkook မျက်ဝန်းတို့က ခက်ထန်သွားကာ...

"အစည်းဝေးချိန်မှာ ဘယ်သူ ph ဖွင့်ထားတာလဲ..."

Boss အသံ‌ကြောင့် တစ်ခန်းလုံးငြိမ်ကျသွားကာ ph သံကိုအာရုံရောက်သွားကြသည်... Jungkook အတွင်းရေးမှူးမလေးက အနားကပ်လာကာ Jungkook ph ကို‌ပေးရင်း...

"Boss ph ပါ..."

Jungkook ph က ရိုးရိုး ringtone သံပဲဖြစ်တာ‌ကြောင့် ph မြည်လာ‌တော့ Jungkook သူများ ph လို့ပဲထင်မိသွားတာဖြစ်သည်...ပြီးတော့ ဘယ်တုန်းကမှ သူ့ဆီ ဒီလိုချိန်ဘယ်သူမှ ph မဆက်ဖူးပေ...ယုတ်ဆွအဆုံး Min တောင်မဆက်ဖူးဘူး...

Share ရှင်တွေမျက်နှာက ပြုံးစိစိဖြစ်ကုန်သည်... Jungkook ခပ်တည်တည်နဲ့ ph ကို အတွင်းရေးမှူးမလက်ထဲကနေလှမ်းယူလိုက်ရင်း Name ကိုကြည့်တော့...

💜 Next to You 💜Where stories live. Discover now