ငယ်တုန်းကတည်းက တစ်ယောက်ထဲနေရတာမလို့ ဖျားရင်တောင် တစ်ယောက်ထဲနေခဲ့ရသည်...Hyg ဆိုတာကလည်း သူအရွယ်ရောက်မှ သူတို့အိမ်ရောက်လာတာကိုး...သူဖျားနေတုန်း Hyg ရှိရင်တော့ Hyg က နားဝင်အောင်ဖျောင်းဖျပြီး ကျွေးတတ်သည်....Hyg စကားအကုန်နားထောင်ပေမယ့် လူမစာစာကျွေးရင်တော့ သူဘယ်တော့မှ နားမထောင်ခဲ့ပေ..စားလည်းမစားခဲ့...ဒါပေမယ့် အခုက Jeon Jungkook..
Taehyung မျက်ခုံးလေးကျုံ့ကာ စိတ်ရှုတ်နေတာကို Jungkook ရိပ်မိပါသည်...ဒီကောင်ဖျားလို့စိတ်ညစ်နေတာများလား....
"မစားဘူးလား...."
သူ့စကားကြောင့် မျက်လုံးဝိုင်းတွေနဲ့မော့ကြည့်လာကာ....
" ငါမစားလို့..."
"မရဘူး.....ဒါအိမ်မှာမဟုတ်ဘူး Kim Taehyung...အစားရွေးနေလို့မရဘူး..."
Jungkook စကားကြောင့် မသိမသာနှုတ်ခမ်းဆူသွားတာကို Jungkook မြင်ဖြစ်အောင်မြင်လိုက်သည်...ဖျားရင်ကလေးလိုပဲ...
Jungkook လက်ထဲက ပန်းကန်ကိုပြောင်းယူကာ ဇွန်းနဲ့ထိုးမွှေနေလေရဲ့...မသောက်ဘဲနဲ့ဆော့နေတာသူ...
"ကျစ်..."
Jungkook ဆီကအသံကြောင့် ဆန်ပြုတ်ပန်းကန်ကိုလျှောက်မွှေနေရာကနေ ရပ်သွားကာ Jungkook မျက်နှာကိုမော့ကြည့်လာရင်း မျက်တောင်တွေတဖျတ်ဖျတ်ခတ်သည်...သူအမှားလုပ်တာဆိုတာတော့ သိသေးသည်ပဲ....
Jungkook သူ့လက်ထဲကပန်းကန်ကိုယူကာ သူကိုယ်တိုင်ဆန်ပြုတ်ကိုခတ်ပြီး နှုတ်ခမ်းနားတေ့ပေးလိုက်သည်....
တည်တင်းနေတဲ့ Jungkook မျက်နှာကြောင့် ဘာမှမပြောလာဘဲ ကျိတ်မှိတ်သောက်သည်...ဆန်ပြုတ်လေးတစ်ဇွန်းဝင်တာကို ရှုံ့မဲ့နေတဲ့မျက်နှာကိုကြည့်ရင်းJungkook ရယ်ချင်ပေမယ့် မျက်နှာကိုတင်းထားသည်..ဒါမှ သောက်မှာသူက...
တစ်ဇွန်းပြီးတစ်ဇွန်းခပ်တိုက်နေရင်း ဆူဆူထွက်လာတဲ့ နှုတ်ခမ်းရဲရဲလေးတွေဆီ အာရုံရောက်မိတော့ Jungkook လက်တွေတုန်နေသည်...နီးကပ်နေတာကြောင့် Taehyung ဆီက ကိုယ်သင်းနံ့သင်းသင်းလေးကို အနံ့ရနေလေသည်...ရင်ထဲတစ်မျိုးတစ်မည်ခံစားချက်ကြောင့် Jungkook ပန်းကန်ကိုသူ့လက်ထဲထည့်ပေးကာ...
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-9
Start from the beginning
