"မင်း...ဟားး Kim Taehyung...မင်းကို ငါဖြူဖြူစင်စင်လေးမှတ်နေတာ..."
"ဒီလောက်တိုးတက်နေတဲ့ ခေတ်ကြီးမှာ ငါကဖြူစင်ပြနေရမှာလား...."
Taehyung စကားပြောနေရင်း အကြည့်တို့က အိမ်ထောင့်ကထင်းပုံဆီရောက်သွားကာ Jungkook ကိုတစ်လှည့် ထင်းပုံကိုတစ်လှည့်ကြည့်ရင်း...
"Jungkook မင်းပြောတော့ ထင်းက ဒီနေ့စာအတွက်ပဲ ကျန်တော့တာဆို..."
Taehyung စကားကြောင့် Jungkook မျက်နှာကွက်ခနဲပျက်သွားရင်း....
"အဲ့တာက..."
"မင်းငါ့ကို လိမ်တာပဲ...မင်းငါ့ကိုမီးမမွှေးပေးချင်လို့ပေါ့ဟုတ်လား...."
Jungkook ရင်ထဲကအလုံးကြီးကျသွားရသည်...Kim Taehyung ကတစ်မျိုးတွေးလိုက်တာပဲ ... Jungkook ပြုံးလိုက်ရင်း...
"မင်းပြောသလိုပေါ့ လောကမှာ လုံးဝဥဿုံဖြူစင်နေတဲ့သူရှိလို့လား...."
Jungkook စကားရဲ့ရည်ရွယ်ချက်ကို Taehyung တစ်ယောက်သိနိုင်ခဲ့မယ်ဆိုလျှင်....
Unicode....
Taehyung မနက်နိုးလာတော့ Jungkook က နဖူးပေါ်ရေဝတ်တင်ပေးနေလေသည်...
"ငါတို့ ဒီနေ့ညနေ ရာသီဥတုသာယာတာနဲ့ ပြန်မယ်...မင်းအကြာကြီးဖျားနေမှာ.."
"အင်း...မင်းငါ့ကို တစ်ညလုံးပြုစုပေးနေတာလား..."
Jungkook က ရေထည့်ထားတဲ့ခွက်ထဲ အဝတ်ရေစိုကိုရေညှစ်နေရင်း....
"မင်းစားဖို့ ငါဆန်ပြုတ်လုပ်ထားတယ် ဆန်ရှိနေတာနဲ့...နည်းနည်းစားလိုက်မလား..."
"အင်း ငါမျက်နှာမသစ်ရသေးဘူးလေ...."
Jungkook က Taehyung မျက်နှာကို ရေစိုဝတ်နဲ့ခပ်ဖွဖွသုတ်ပေးရင်း...
"အခု ငါသစ်ပေးနေတာပဲလေ..."
Taehyung သူ့မျက်လုံးတွေကိုမကြည့်ရဲ...ထို့ကြောင့်အကြည့်လွှဲလိုက်ရင်း...
"သွားတိုက်ချင်တယ်..."
Jungkook က ထသွားကာ သွားတိုက်တံကို သွားတိုက်ဆေးထည့်ပေးလာရင်း ရေတစ်ခွက်ကမ်းပေးသည်...
Taehyung သွားတိုက်ပြီးတာနဲ့ Jungkook ကအငွေ့တထောင်းထောင်းဆန်ပြုတ်ပန်းကန်ကိုယူလာပေးသည်... Taehyung နှာခေါင်းရှူံ့ လိုက်မိသည်...သူဘယ်တုန်းကမှ လူမမာစာတွေမစားခဲ့ဖူးပါ.
..
YOU ARE READING
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-9
Start from the beginning
