"ငါ့ဆီက ဆေးလိပ်နံ့‌ကြောင့် မင်းနိုးသွားတာလား..."

"မင်းကို ဖျားနေတုန်းမသောက်ဖို့‌ပြောနေတာ..."

Taehyung က ကုန်ခါနီးဆေးလိပ်ကို ကြမ်းပြင်ပေါ်ထိုးချေလိုက်ရင်း...

"မင်း တစ်စုံတစ်ယောက် ဒါမှမဟုတ် တစ်စုံတစ်ခုကို စွဲလမ်းဖူးလား....အော် မင်းကစွဲလမ်းဖူးမှာပါ.."

သူ့ဘာသူမေးခွန်းထုတ်ပြီး ပြန်သုံးသပ်နေတဲ့ Taehyung....

"ငါက အဲ့လိုပဲ ဆေးလိပ်ကိုစွဲလမ်းနေတာ...မင်းတစ်စုံတစ်ယောက်ကို စွဲလမ်းသလိုမျိုး..."

Jungkook အိပ်ရာပေါ်ကနေထကာ အပေါ်ပိုင်းဗလာနဲ့ပဲ သူ့အနားလျှောက်သွားရင်း...

"ငါ ဘယ်သူ့ကိုမှ မစွဲလမ်းဖူးဘူး..."

"Min ဆိုတဲ့တစ်ယောက်က မင်းချစ်သူမဟုတ်လား.."

Jungkook အဟက်ခနဲတစ်ချက်ရယ်လိုက်ရင်း...

"Min နဲ့က ချစ်သူတွေ ...ဒါပေမယ့် ငါတို့ကအနေမနီးဘူးရယ်...သူနဲ့ငါတွဲတာသုံးနှစ်ဆိုပေမယ့် ချိန်းတွေ့ဖူးတာ ဆယ်ခါတောင်မပြည့်ဘူး..."

"ဝန်ကြီးချုပ် Jeon ‌ကြောင့်လား.."

"အင်း...ငါမင်းကိုလက်ထပ်တာလဲ Min တို့သားအမိနဲ့ခြိမ်း‌ခြောက်လို့..."

Taehyung ကရယ်သည်... Taehyung ရယ်သံက ‌ခြောက်ကပ်နေကာ မရယ်ချင်ဘဲ လုပ်ရယ်နေသလိုမျိုး...

"မိဘတွေကြောင့် ငါတို့က မြေဇာပင်ဖြစ်ခဲ့ရတာပဲ...မထင်မှတ်ပဲ ငါတို့အဖြစ်ကလာတူနေတယ် အဟွန်း..."

Jungkook တစ်ခုခုကိုအလေးအနက်စဉ်းစားနေရင်း....

"မင်းနဲ့ မကွာရှင်းခင် Min တို့သားအမိကို လုံခြုံတဲ့နေရာပို့မြှဖစ်မှာ...ဝန်ကြီးချုပ်မတွေ့အောင် ပုန်းဖို့မလွယ်ဘူး..."

"‌ခြောက်လအတွင်းမင်းစဉ်းစားပေါ့..."

"ငါ့ကိစ္စအသာထား မင်းကိစ္စကရော ..."

Taehyung ကဟန်ပါပါပြုံးလိုက်ရင်း...

"ဒီခေါက် New York သွားရင် Hyg ကိုငါအပိုင်ကြံတော့မှာ..."

Jungkook လန့်သွားကာ Taehyung မျက်နှာကိုကြည့်မိတော့ နောက်နေဟန်မတူ....

💜 Next to You 💜Tempat cerita menjadi hidup. Temukan sekarang