Jungkook ခေါင်းကိုခါရမ်းကာ နီစွေးနေတဲ့ နှုတ်ခမ်းအိအိလေးကို ထိကိုင်ထားတဲ့လက်ချောင်းတွေကိုရုပ်သိမ်းလိုက်သည်...

...သတိထားစမ်းပါ Jungkook.. Min ရှိတယ်လေ မင်းမှာ...Kim Taehyung က ချောလွန်းလို့ စိတ်ထဲကနေ ချီးကျူးမိရုံသက်သက်ပဲ...ဟုတ်တယ်..အဲ့ထက်မပိုဘူး....

Jungkook ရင်ထဲကအမှန်တရားကို မသိကျိုးကျွန်ပြုရင်း မျက်လုံးတို့ကိုမှိတ်ချလိုက်မိသည်....

Taehyung တရေးနိုးတော့ Jungkook ကသူ့ကိုဖက်ထားရက်ကနေ အိပ်ပျော်နေလေသည်...အဖျားကျသွားတာ‌ကြောင့် ထထိုင်လိုက်ရင်း အိပ်နေတဲ့ Jungkook မျက်နှာကိုကြည့်နေမိသည်...မျက်ခုံးတန်းတွေက ထင်းနေကာ နဖူးပြင်ကျယ်နဲ့လိုက်ဖက်ပြီးခန့်ညားနေသလိုရှိသည်...

မှိတ်ထားတဲ့မျက်ဝန်းတွေက ဝိုင်းစက်ကာ လှပတာကိုသူသိသည်...နှာခေါင်းကအနည်းငယ်ပွသယောင်ရှိပေမယ့် Jungkook မျက်နှာပေါ်ကြောင့်မို့လားမသိဘူး ကြည့်ရမဆိုးပဲ ပိုချောစေသလိုလို...တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းပါးတို့က ပိရိပြတ်သားတတ်တဲ့ပုံပေါ်သည်...ပါးပြင်ပေါ်က အမာရွတ်အသေးလေးနဲ့ နှုတ်ခမ်းအောက်ကမှဲ့နက်လေးက အထင်ရှားဆုံးဖြစ်မည်...

Taehyung မမှိတ်မသုန်ငေးကြည့်နေရင်း Jungkook ကလူချောတစ်ယောက်ဆိုတာ အသိအမှတ်ပြုမိသည်...‌Jungkook မနိုးအောင်အသာထကာ ထော့နဲ့နဲ့ လျှောက်နေမိရင်း ဆေးလိပ်ယူကာ ထိုင်သောက်နေမိသည်....

ဆေးလိပ်သောက်လိုက်ရမှ လူကနေသာထိုင်သာရှိသွားသလိုပင်... Taehyung ကိုဆေးလိပ်သောက်တာ Hyg ကလုံးဝခွင့်မပြုထားပေ...Hyg အိမ်မှာမရှိတော့ကတည်းက သူဆေးလိပ်တွေဖိသောက်ရင်း အခုဆိုမသောက်ရမနေနိုင်ဖြစ်နေပြီ... New York သွားရင်တော့ Hyg ရှေ့မှာ ဆေးလိပ်မသောက်ဘဲနေနိုင်ပါ့မလားမသိပေ...

Taehyung လိုလူက အစွဲအအလမ်းအများကြီးမထားတတ်ပေမယ့် ဆေးလိပ်နဲ့စတော်ဘယ်ရီကိုတော့ သူမလွန်ဆန်နိုင်ပေ...သူအနှစ်သက်ဆုံးအရာတွေမလို့ Hyg တားရင်တောင် သူလုံးဝမစွန့်လွှတ်နိုင်...

"ဖျားနေတာတောင် ဘာလို့ ဆေးလိပ်သောက်နေတာလဲ..."

နောက်က ထွက်ပေါ်လာတဲ့အသံ‌ကြောင့် Jungkook နိုးလာပြီမှန်းသိလိုက်သည်... Jungkook ဆေးလိပ်နံ့ကိုမကြိုက်တာ သူသတိရသွားကာ...

💜 Next to You 💜Where stories live. Discover now