"အင်းးး ဟင်းးး..."
Jungkook မှေးခနဲအိပ်ပျော်နေရာမှ ညည်းသံသဲ့သဲ့ကြောင့်နိုးလာခဲ့ရင်း Taehyung ကိုလှမ်းကြည့်တော့ တစ်ကိုယ်လုံးကွေးနေကာ တုန်နေသလိုလို... Jungkook အနားကိုအမြန်သွားလိုက်ရင်း...
"Taehyung.... Taehyung...."
"အင်းးး... Jungkook...ချမ်းတယ်..."
Jungkook သူ့နားဝင်လှဲကာ ကိုယ်လေးကိုဆွဲဖက်ထားမိသည်...ပူကျစ်နေတဲ့ Taehyung အသားတွေက အဖျားလုံးဝမလျော့တာသိသာလှသည်...
"မဖြစ်တော့ဘူး..."
Jungkook သူ့အကျီတွေအကုန်ချွတ်ပစ်ကာ Taehyung စောင်ထဲသူပါတိုးဝင်လိုက်ရင်း..
"ဘာလုပ်တာလဲ... Jungkook..."
"လာ ငါ့ရင်ခွင်ထဲကို...မင်းကို ကိုယ်ငွေ့ပေးမလို့..."
ပြောလည်းပြော Taehyung ကိုလည်းပိုတိုးဖက်ထားလိုက်သည်... Taehyung ကဇွတ်အတင်းရုန်းနေကာ ...
"ရေမချိုးထားရလို့ နံနေတယ်မလား ငါ့ဆီက...ဖယ် မဖက်နဲ့..."
Jungkook စိတ်ပူတဲ့ကြားမှပြုံးလိုက်မိသေးသည်...မနံတဲ့အပြင် စတော်ဘယ်ရီ ကိုယ်သင်းရနံ့သင်းသင်းလေးရနေတယ်ဆိုတာ သူဘယ်လိုပြောပြရပါ့....
"မနံပါဘူး...မင်းအဖျားကျမြှဖစ်မယ်...ငြိမ်ငြိမ်လေးနေ..."
Taehyung Jungkook ရဲ့ရင်ခွင်ကျယ်ကြီးရယ် သန်မာတဲ့လက်မောင်းတွေကြားမှာ ထွေးဖက်ခံထားရလို့ အချမ်းသက်သာလာသလိုရှိသည်...သူတွေးနေမိတာက Jungkook ကသူ့ကောင်လေးကိုလည်း ဒီလိုပဲ ဂရုစိုက်တာလား...မချစ်တဲ့သူ့ကိုတောင် ဒီလိုကြင်နာပေးနေတာ...Min ဆိုတဲ့သူ့ကောင်လေးကိုသာဆို ဘယ်လောက်တောင် ဂရုစိုက်လိုက်မလဲ....Taehyung Jungkook ရင်ခွင်ရဲ့ အနွေးဓာတ်ကြောင့် မျက်ခွံတွေလေးလံလာကာ ပြန်အိပ်ပျော်သွားသည်...
Jungkook ရင်ခွင်ထဲက အိပ်ပျော်နေတဲ့ Taehyung မျက်နှာကိုသေချာငေးကြည့်နေမိသည်...Min ကသူ့ချစ်သူဆိုတာကို သိပေမယ့် Kim Taehyung နဲ့အနီးကပ်နေရတာက Min အနားအနီးကပ်နေရတုန်းကနဲ့မတူ...Jungkook ရင်တွေတလှပ်လှပ်ဖြစ်နေတော့တာ...အဲ့ဒါဘာလဲ Jungkook စဉ်းစားမရ...အဖြေလည်းမရှာချင်..
ဆေးလိပ်သောက်တတ်ပေမယ့် နီရဲနေတဲ့ နှုတ်ခမ်းလွှာက ကကြီးပုံစံလေး...Jungkook လက်ချောင်းတို့က မရည်ရွယ်ပါပဲ ထိုနှုတ်ခမ်းသား အိအိလေးတွေကို ပွတ်ဆွဲနေမိသည်...ဒီနူးညံ့တဲ့နှုတ်ခမ်းလေးတွေဆီကနေ တောက်လျှောက်ဆဲနေတတ်တာ...အခြားသူဆို စိတ်ဆိုးမိမှာဆိုပေမယ့် Kim Taehyung ဆဲတာကို သူလုံးဝစိတ်မဆိုး...မဆိုးတဲ့အပြင်ကို...
VOUS LISEZ
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-9
Depuis le début
