Jungkook လက်ထဲက ပန်းကန်ကိုပြောင်းယူကာ ဇွန်းနဲ့ထိုးမွှေနေလေရဲ့...မသောက်ဘဲနဲ့ဆော့နေတာသူ...
"ကျစ်..."
Jungkook ဆီကအသံကြောင့် ဆန်ပြုတ်ပန်းကန်ကိုလျှောက်မွှေနေရာကနေ ရပ်သွားကာ Jungkook မျက်နှာကိုမော့ကြည့်လာရင်း မျက်တောင်တွေတဖျတ်ဖျတ်ခတ်သည်...သူအမှားလုပ်တာဆိုတာတော့ သိသေးသည်ပဲ....
Jungkook သူ့လက်ထဲကပန်းကန်ကိုယူကာ သူကိုယ်တိုင်ဆန်ပြုတ်ကိုခတ်ပြီး နှုတ်ခမ်းနားတေ့ပေးလိုက်သည်....
တည်တင်းနေတဲ့ Jungkook မျက်နှာကြောင့် ဘာမှမပြောလာဘဲ ကျိတ်မှိတ်သောက်သည်...ဆန်ပြုတ်လေးတစ်ဇွန်းဝင်တာကို ရှုံ့မဲ့နေတဲ့မျက်နှာကိုကြည့်ရင်းJungkook ရယ်ချင်ပေမယ့် မျက်နှာကိုတင်းထားသည်..ဒါမှ သောက်မှာသူက...
တစ်ဇွန်းပြီးတစ်ဇွန်းခပ်တိုက်နေရင်း ဆူဆူထွက်လာတဲ့ နှုတ်ခမ်းရဲရဲလေးတွေဆီ အာရုံရောက်မိတော့ Jungkook လက်တွေတုန်နေသည်...နီးကပ်နေတာကြောင့် Taehyung ဆီက ကိုယ်သင်းနံ့သင်းသင်းလေးကို အနံ့ရနေလေသည်...ရင်ထဲတစ်မျိုးတစ်မည်ခံစားချက်ကြောင့် Jungkook ပန်းကန်ကိုသူ့လက်ထဲထည့်ပေးကာ...
"ကိုယ့်ဖာသာကိုယ်စားတော့..."
Taehyung ထထွက်သွားတဲ့ Jungkook ကိုကြည့်ပြီး မျက်ခုံးတွေတွန့်ချိုးလိုက်မိသည်....
....အဲ့တာက ဘာဖြစ်သွားရတာတဲ့လဲ.....
..............
Taehyung ဆေးလိပ်သောက်ချင်သည်...ဒါပေမယ့် သူ့ခြေထောက်ကမသွားနိုင်သေး...ခပ်လှမ်းလှမ်းမှာ အိမ်နံရံကိုကျောမှီကာ မှိန်းအိပ်နေတဲ့ Jungkook ကိုလည်း သူမနှိုးချင်...မနေ့ညက သူ့ကြောင့် Jungkook ပင်ပန်းခဲ့ရတာမလား....
ကိုက်ခဲနေတဲ့ ခေါင်းကြောင့် လူကမထချင်တော့...တရိတ်ရိတ်အပူရှိန်တွေတက်ကာ ပိုဖျားလာသလိုရှိသည်...စောင်ကိုကျစ်နေအောင်ဆွဲယူထားကာ နွေးလို့နွေးငြားကြိုးစားနေပေမယ့် အချည်းနှီးပင်...
အပြင်က မိုးတွေရော လေပြင်းတိုက်တာတွေရောနဲ့ အိမ်ခေါင်မိုးပေါ်က အသံတွေကဆူညံနေသည်...မုန်တိုင်းနောက်ဆုံးနေ့မလို့ ရာသီဥတုကဒီနေ့မှပိုဆိုးရွားနေသလိုပင်....
ESTÁS LEYENDO
💜 Next to You 💜
Fanfictionမချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော်တို့ကြားမှာ အချစ်ဆိုတာပေါက်ဖွားလာဖို့မရှိဘူး..... Jeon Jungkook မိဘတွေရဲ့အတ္တတွေကြားမှာ ထိုးကျွေးခံလိုက်ရတဲ့ ကျွန်တော်နဲ့သူဟာ အဆင်မပြေဘူးဆိုတာ 100% ဖြစ်သင့်တာပါပဲ .... Kim Taehyung Unicode..... မချစ်ဘဲ ယူခဲ့ရလို့ ကျွန်တော...
Part-9
Comenzar desde el principio
