အခန်း-၂၀(အ​ရေး​ပေါ်သတင်း)

Start from the beginning
                                    

ဒီနှစ်ရဲ့ မတ်လမှာ​တော့ ' ဧရာမပါးစပ်ကြီး ' ဟာ Weibo ​ပေါ်မှာ ​နောက်တစ်ကြိမ် post တင်ခဲ့ပြန်သည်။အဲဒီ post မှာ စာသားတိုတစ်​ကြောင်းသာ ပါ၀င်သည်။ ' သူတို့​တွေက အမှတ်မထင် ဒီတိုင်း​တွေ့ကြတာပဲလို့​တော့ ငါ မယုံဘူး ။ မင်းတို့​ရော ဘယ်လိုထင်ကြလဲ ? ' [long pictures attached]

ဓါတ်ပုံ​တွေထဲမှာ ဆွဲ​ဆောင်မှုရှိတဲ့ မင်းသမီးတစ်​ယောက်က အရပ်ရှည်ရှည် ရုပ်​ချော​ချော အမျိုးသားကြယ်ပွင့်တစ်​ယောက်ရဲ့လက်​မောင်းကို တွဲထားပြီး အရမ်းကို ရင်းနှီးကြတဲ့ ပုံစံနဲ့ မကြာခဏ တိုးတိုး​လေး စကား​လှမ်း​ပြော​နေတဲ့ ပုံရိပ်​တွေပါရှိသည်။သူတို့ကို ကြည့်ရတာ အရမ်းပဲ ချစ်ခင်ကြင်နာ​နေကြဟန်​ပေါ်ပြီး လမ်းသွားလမ်းလာ​တွေက​တောင် သူတို့ကို မျက်စိရှက်လို့ မကြည့်နိုင်​ပေ။

ဒါ​ပေမယ့် အကယ်၍ အမျိုးသားကြယ်ပွင့်မှာ က​လေး​မွေးဖွားခါနီး ဇနီးသည်တစ်​ယောက်သာမရှိရင် ၊ အဲဒီမင်းသမီးမှာသာ သူမနဲ့ ငါးနှစ်​လောက် ချစ်ခဲ့ကြတဲ့ ချစ်သူ​ကောင်​လေးမရှိရင် သူတို့နှစ်​ယောက်က အရမ်းကို ပြီးပြည့်စုံပြီး လိုက်ဖက်တဲ့ စုံတွဲတစ်တွဲ ဖြစ်နိုင်သည်။

မိန်းမဖြစ်သူက ကိုယ်၀န်ရှိ​နေတာကို ​ယောကျ်ားဖြစ်သူက ကိုယ်၀န်သည်ဇနီးကို လိမ်လည်​ဖောက်ပြန်ခဲ့တာဆိုတဲ့အချက်ဟာ ​ခေတ်​ပေါ်လူမှုအဖွဲ့အစည်းရဲ့ ​နေရာတိုင်းမှာ မြင်​တွေ့​​နေရပြီး တစ်ချိန်တည်းမှာပဲ လူထုကို အလွန်​ဒေါသထွက်​စေသည်။အဲဒီ post ထွက်​ပေါ်လာလာချင်းမှာတင် သူတို့ရဲ့လက်တွဲ​ဖော်​တွေကို လိမ်လည်လှည့်စားခဲ့ကြတဲ့ အမျိုးသားကြယ်ပွင့်နဲ့ သရုပ်​ဆောင်မင်းသမီးတို့ဟာ လူအများရဲ့ အထင်​သေးရွံရှာမုန်းတီးစက်ဆုပ်ခြင်းကို ခံရ​တော့သည်။

သိပ်မကြာခင်မှာပဲ အမျိုးသားကြယ်ပွင့်ဟာ ဆိုရှယ်မီဒီယာ​တွေ​ရှေ့မှာ ငိုယိုရင်း သူ့ရဲ့အပြစ်​တွေနဲ့​နောင်တ​တွေကို သိရှိပါပြီဟုဆိုကာ သူ့မိသားစုဆီပြန်သွားဖို့နဲ့ ​နောက်ထပ်အမှားမလုပ်​တော့ဖို့ကို ကတိ​ပေးခဲ့သည်။

အဲဒီအမျိုးသားကြယ်ပွင့်ရဲ့ဇနီးကလည်း ဘာအ​ကြောင်းပြချက်မှမ​ပေးဘဲ သူ့ကို ခွင့်လွှတ်ဖို့ ​ရွေးချယ်ခဲ့သည်။

လမ်းခွဲပြီးပြီ၊မ​နှောင့်ယှက်နဲ့​တော့(မြန်မာဘာသာပြန်)Where stories live. Discover now